အပိုင်း(၂၄)

441 49 0
                                    

အခန်း(၂၄)ဇီယန် သဘောထားပြောင်းပြီ

"အဲဒါ ယန်-မိုးကြိုးသစ်ပင်လို့ခေါ်တယ်" ကျန်းဟန်ရိုးရှင်းစွာပင် မိတ်ဆက်ပေးလိုက်သည်။

"ယန်-မိုးကြိုးသစ်ပင်... အရင်ကဘာလို့ အဲ့နာမည်ကို မကြားဘူးတာလဲ" ဇီယန် စိတ်ရှုပ်စွာမေးလိုက်သည်။

"တစ်ချက်လောက် သွားကြည့်ကြရအောင်"

ကျန်းဟန်က ပြန်မဖြေတော့ပဲ မုန့်မုန့်ကို ထမ်းပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။

ယန်မိုးကြိုးသစ်ပင်အောက်သို့ရောက်သည့်အခါ ဤနေရာရှိမြင်ကွင်းသည် အလွန်ကျယ်ပြန့်လာသည်။

ဤနေရာမှနေ၍ ပင်လယ်ရှုခင်းကို အဝေးမှမြင်နိုင်သည်။ လခြမ်းပင်လယ်ကွေ့ရှိ ကမ်းခြေကိုပင် ကြည်လင်ပြတ်သားစွာမြင်တွေ့နိုင်ပြီး ည၏အလင်းရောင်အောက်တွင် လခြမ်းပင်လယ်ကွေ့ မြို့တစ်ဝိုက်ကိုလည်း လှပစွာတွေ့နိုင်သည်။

အနီးအနားမှ ယန်မိုးကြိုးသစ်ပင်ဧရိယာ၏အလှအပကို မြင်တွေ့နိုင်သည်။ စိမ်းလန်းသော မြက်ခင်းများဖြင့် ပြည့်နှက်နေသည့် စက်ဝိုင်းပုံသဏ္ဍာန်ရှိသော နေရာလွတ်တစ်ခုဖြစ်ပြီး နောက်ဘက်တွင် တောက်ပသော လရောင်ကို ရောင်ပြန်ဟပ်နေသည့် အရွယ်အစားအမျိုးမျိုးရှိသော ရေကန်အချို့ရှိသည်။

"ဒီနေရာက အရမ်းလှတာပဲ"

ဇီယန် ရိုးသားစွာပင် ရေရွတ်လိုက်သည်။

ကျန်းဟန် အနည်းငယ်ပြုံးလိုက်ပြီး မည်သို့မျှ ပြန်မပြောပေ။ ဤသည်မှာ လခြမ်းတောင်၏ ညဘက်အချိန်သာရှိသေးသည်။ အကယ်၍ နေခင်းဘက်သာဆိုလျှင် ဤနေရာ၏ရှုခင်းများမှာ ပို၍ပို၍ကောင်းမွန်ပေမည်။

"ဖေဖေ မေမေ ဟိုမှာကြည့် အိမ်သေးသေးလေးတွေအများကြီးပဲ"

မုန့်မုန့်သည် တောင်နောက်ဘက်ကို ညွှန်ပြပြီးပြောလိုက်သည်။

"အယ် အိမ်သေးသေးလေးတွေရဲ့ အပေါ်မှာ သစ်ရွက်တွေမိုးထားတာထင်တယ်"

ဇီယန် အိမ်ငယ်လေးများကို ခဏလောက်စိုက်ကြည့်လိုက်သည်။ အမှန်တော့ လက်ရှိအချိန်သည် ညဘက်ဖြစ်နေ၍ ဇီယန် အဝေးမှ ရှင်းရှင်းလင်းလင်းမြင်နိုင်မမြင်ရချေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now