အပိုင်း(၂၅)

506 50 0
                                    

အခန်း(၂၅) ဇီယန်၏အိမ်တွင်နေထိုင်ခြင်း

"လူဆိုးမကြီးအန်တီဖေးဖေး သမီးဖေဖေကို ဆိုးဆိုးရွားရွားတွေ ပြောလို့မရဘူး"

ကျန်းဟန်သည့် မည်သည့်အမူအရာမှမရှိသော်လည်း မုန့်မုန့်ကိုယ်တိုင်သည်တော့ မပျော်ရွှင်တော့ပဲ ကျိုးဖေးအား ဒေါသတကြီးမျက်နှာဖြင့် ပြောလိုက်သည်။

"မင်းက သစ္စာဖောက်လေးပဲ" ကျိုးဖေး စိတ်တိုတိုနဲ့ မျက်လုံးလှန်ကြည့်လိုက်ပြီး ကျန်းဟန်ကို ဆက်လက်လှောင်ပြောင်ရန် စကားလုံးများကို ပြင်လိုက်သည်။

"ကောင်းပြီ ရှောင်ဖေး မနောက်နဲ့တော့"

ဇီယန် ကျိုးဖေးကို မျက်လုံးလှန်ကြည့်လိုက်သည်။ ဆံပင်တုနှင့် နေကာမျက်မှန်တို့ကို ချွတ်ပြီး ဆံနွယ်ရှည်များကို ဖြန့်ခွဲကာ ဆံပင်များကို ခါလိုက်သည်။

ရှည်လျားသော ဆံနွယ်များနှင့် သူမ၏စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကို ပေါင်းထည့်လိုက်ရာ ကျန်းဟန် မျက်ခုံးများပင် မြင့်တက်သွားသည်။

တကယ်ကို အရမ်းလှတယ်...

ကျန်းဟန် မနေနိုင်ဘဲ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

"ဝိုး မေမေ အရမ်းလှတာပဲ" မင်းသမီးလေးသည် သူမ၏ ဆံပင်များ ခါယမ်းလိုက်ချိန်က မသိလိုက်ဘဲ သူမ၏ အသံလေးဖြင့် ချီးမွမ်းလိုက်သည်။

"မုန့်မုန့်လည်း အရမ်းလှတယ်"

ဇီယန် ပြုံးပြီး မုန့်မုန့်၏ခေါင်းကို ပုတ်လိုက်သည်။ ထိုနောက် ကျန်းဟန်ကိုကြည့်ကာ ပြောလိုက်သည်။

"အပေါ်ထပ်တက်ရအောင်။ အပေါ်ထပ်မှာ ကျွန်မ၊ မုန့်မုန့် နဲ့ ရှောင်ဖေးတို့ အိပ်တယ်။ ပထမထပ်မှာ အန်တီဝမ်အိပ်တဲ့အခန်းအပြင် အခန်း နှစ်ခန်း ကျန်သေးတယ်။ ရှင်ဒီနေ့ အဲ့နှစ်ခန်းထဲကတစ်ခန်းမှာ အိပ်လို့ရတယ်"

"အင်း"

ကျန်းဟန် ခေါင်းညိတ်ပြလိုက်ပြီး ဇီယန်နောက်မှာ အပေါ်ထပ်သို့လိုက်လာသည်။

ဒုတိယထပ်ရှိနေရာသည် မကျဉ်းလှပဲ ဧည့်ခန်းကြီးတစ်ခုရှိသည်။ လှေကားထစ်ပေါ်တွင် ကော်ဇောခင်းထားပြီး လှေကားလက်ရန်းအောက်တွင် ပိုက်ကွန်သဏ္ဍာန်ခတ်ထားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now