အပိုင်း(၂၆)

429 46 0
                                    

အခန်း (၂၆) လွှမ်းမိုးချုပ်ကိုင်နိုင်သော ချီ

"ဖေဖေ ဖေဖေ မုန့်မုန့်က စကားနားထောင်တယ်။ အန်တီဖေးဖေးကို မနမ်းဘူး။ မေမေ့ကိုလည်း ရေကောင်းကောင်းချိုးပြီးမှ မုန့်မုန့်က နမ်းမှာ"

ကျိုးဖေး၏စကားကိုကြားလိုက်မှ မုန့်မုန့်သတိရသွားသည်။ ပြီးသည်နှင့် သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် သူမဖေဖေ၏ချီးကျူးမှုကို စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့သောအခြေအနေမျိုးတွင် ကျန်းဟန်သည် မင်းသမီးလေး စိတ်ပျက်အောင် တစ်ခါမျှမလုပ်ခဲ့ဖူးပေ။

ကျန်းဟန် အပြုံးလေးဖြင့် ပြောလိုက်သည်။

"မုန့်မုန့်က အရမ်းလိမ္မာတာပဲ။ ဖေဖေ နောက်မှ ရေခဲမုန့် ဆုချမယ် ဟုတ်ပြီလား"

"ဟုတ်ပြီ ဟုတ်ပြီ ဖေဖေက အကောင်းဆုံးပဲ"

မုန့်မုန့်သည် ပျော်ရွှင်နေသည့်မျက်နှာဖြင့် တခစ်ခစ်ရယ်မောနေသည်။

"ကျန်းဟန် အဲ့ဒါဘာအဓိပ္ပာယ်လဲ။ ဒါက တကယ် သေလောက်အောင်ကို ဒေါသထွက်စေတာပဲ" ကျိုးဖေး ကျန်းဟန်ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။

"ဘယ်သူကများ သူတို့ရဲ့ကလေးကို ဒီလိုတွေသင်ပေးလို့လဲ။ မုန့်မုန့် ငယ်ငယ်လေးကတည်းက ငါ့မျက်စိရှေ့တင် ကြီးပြင်းလာတာ။ ရှင်ရောက်လာပြီး ရက်နည်းနည်းလေးပဲရှိသေးတယ် ကလေးကို မဟုတ်တာတွေသင်ပေးနေပြီ"

"ကောင်းပြီ ရှောင်ဖေး စားရအောင်။ စားပြီးသွားရင် ကုမ္ပဏီကို သွားရမှာ" ဇီယန် နှုတ်ခမ်းဖွဖွဟကာ ပြောလိုက်သည်။

"ပြီးတော့ ကျန်းဟန်ပြောတာတွေလည်း မှန်တယ်လို့ခံစားရတယ်။ မိတ်ကပ်ဖောင်ဒေးရှင်းကို နမ်းတာက တကယ် မကောင်းဘူး"

"အာ"

ထိုစကားကိုကြားသည့်အခါ ကျိုးဖေး အနည်းငယ်မင်သက်သွားပြီး မျက်လုံးများပြူးကာ "ကောင်းပြီ ကောင်းပြီ ကောင်းပြီ နင်တို့မိသားစုက အတူတူပေါင်းပြီး ငါ့ကို အနိုင်ကျင့်နေကြတာပဲ။ အစ်မယန် ငါတကယ်ကို အထင်မှားခဲ့တာပဲ။ ကျန်းဟန်လာတာ နှစ်ရက်ပဲရှိသေးတယ် နင်က ခင်ပွန်းနောက်ကိုလိုက်တဲ့ ဇနီးလိုဖြစ်နေပြီ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now