အပိုင်း(၂၇)

440 43 0
                                    

အခန်း(၂၇)ကျန်း၏သင်ကြားမှု

ကျန်းဟန်ထွက်သွားပြီးနောက် ဝမ်ကျွမ့်သည် ဇီယန်၏ ဖုန်းကို အချိန်အနည်းငယ်ကြာအောင်ခေါ်ဆိုခဲ့ပြီး နောက်ဆုံးခြောက်ကြိမ်မြောက်တွင် ခေါ်ဆိုမှုပြီးဆုံးသွားခဲ့သည်။

ဝမ်ကျွမ့် ခါးသီးစွာပြောလိုက်သည်။

"ကျွန်မတောင်းပန်ပါတယ် မစ္စ။ ကျန်းဟန်ကို မတားနိုင်ခဲ့ဘူး။ သူ မုန့်မုန့်ကို ကစားဖို့ခေါ်သွားတယ်"

"အင်း ကျွန်မသိပြီ"

ဇီယန် ပြောပြီး ဖုန်းချလိုက်သည်။

သူမသည် လက်ရှိတွင် သူမ၏ရုံးခန်းသို့ ပြန်သွားနေသည်။ မိန်ချီ၏ရုံးခန်းတွင် မြူးဇစ်ဗီဒီယိုရိုက်ကူးရေးနှင့် ပတ်သက်ပြီး အတည်ပြုပြောကြားခဲ့သည်။ မိန်ချီသည် သူမအတွက် အဖွဲ့တစ်ဖွဲ့ စီစဉ်ပေးနိုင်သော်လည်း သာမန်အဖွဲ့သာဖြစ်သည်။ အကောင်းဆုံးအဖွဲ့သည် လက်ရှိတွင် ရှုလောယွီကို ကူညီပေးနေသောကြောင့်ဖြစ်သည်။

ထို့ပြင် မိန်ချီသည် သူမအား အယ်လ်ဘမ်ကို နောက်မှထုတ်ရန် ဖျောင်းဖျခဲ့ပြီး အလျင်မလိုရန်ပြောခဲ့သည်။ သို့သော် ဇီယန်သည် ပွင့်ပွင့်လင်းလင်းသာ ငြင်းဆိုခဲ့သည်။ တစ်ခါတစ်ရံတွင် သူမသည် ကျန်းဟန်ကဲ့သို့ပင် ခေါင်းမာမှုများရှိကာ တောင်နံရံကို ဝင်ဆောင့်မိလျှင်ပင် ခေါင်းပြန်မလှည့်နိုင်ပေ။

ဇီယန် သူမ၏ရုံးခန်းသို့ပြန်ရောက်သည်နှင့် ကျန်းဟန်၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

ထိုအချိန်တွင် ကျန်းဟန်နှင့် မင်းသမီးလေးသည် ပထမထပ်သို့ရောက်ရှိလာခဲ့သည်။ ဇီယန်ထံမှ ဖုန်းဝင်လာသည့်အခါ ကျန်းဟန်သည် ပြောင်ပြောင်တင်းတင်းပင် ဖုန်းချပစ်လိုက်သည်။

"အမ် ငါဖုန်းခေါ်တာကိ ချပစ်တာလား"

ဇီယန် သူမ၏စိတ်ထဲတွင် ဒေါသထွက်ကာ ကျန်းဟန်၏ ဖုန်းကို ဆက်လက်ခေါ်ဆိုခဲ့သည်။

နှစ်စက္ကန့်ပင်မကြာ အသံမြည်ပြီးနောက် ဖုန်းခေါ်ဆိုမှုကို နောက်တစ်ကြိမ် ငြင်းပယ်ချလိုက်သည်။ နောက်တစ်ကြိမ်ခေါ်ဆိုမှုတွင် ကျန်းဟန်၏ နံပါတ်သည် ဖုန်းပိတ်ထားကြောင်း အကြောင်းကြားခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now