အပိုင်း(၂၈)

412 43 0
                                    

အခန်း(၂၈) အဖွားလျှို ဂရန်းဗြူးဥယျာဉ်သို့ ဝင်ရောက်လာခြင်း

"ကျွန်တော် စားတော်ပဲစေ့လည်း လိုချင်တယ်"

ကျန်းဟန် ပြောလိုက်သည်။

"ကောင်းပါပြီ သူဌေး..."

လူလတ်ပိုင်း၏ အပြုံးသည် ပို၍ပီပြင်လာလေသည်။ ကျန်းဟန်သည် အသေးအမွှားဝယ်သူဟု မူလက ထင်ခဲ့ပြီး တကယ့် ဖောက်သည်အကြီးစား ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။

သူ၏ရှေ့ရှိ လူငယ်လေးသည် အများအပြားဝယ်ယူရုံတင်မက အကောင်းဆုံးဆိုသော မျိုးစေ့များကိုသာ ရွေးချယ်ဝယ်ယူသည်။ သူသည် ဟင်းသီးဟင်းရွက်များကို ကြိုက်နှစ်သက်စွာ စားသုံးတတ်သည့် လူမျိုးဖြစ်ပေမည်။

ကျန်းဟန်သည် စုစုပေါင်း သီးနှံလေးမျိုး တောင်းဆိုခဲ့သည်။ ကျန်းဟန်သည် ထိုသီးနှံများကို ယနေ့တွင် စိုက်ပျိုးရန် ရည်ရွယ်ထားသည်။ အသီးအနှံ့များကို တစ်ချိန်တည်း ကိုင်တွယ်ရန် အချိန်မရှိသဖြင့် ဤထက်ပိုဝယ်မနေတော့ပေ။

ထို့ပြင် ရှိသမျှအသားတွေအားလုံးကို အသက်တစ်ရှိုက်အတွင်းနဲ့ ကုန်အောင်မစားနိုင်ပေ။ ကိုယ်ပိုင်နယ်မြေ၏ အကျယ်အဝန်းမှာ အလွန်ကြီးမားပြီး စိုက်ပျိုးရန် ရည်မှန်းထား အရေအတွက်မှာလည်း အလွန်များသောကြောင့် ကျန်းဟန်လိုချင်သမျှကို တစ်ရက်တည်းဖြင့် အပြီးမသတ်နိုင်ချေ။

လူလတ်ပိုင်းအရွယ်အမျိုးသားကို သူ့အားဖုန်းခေါ်ရန်ပြောပြီး ကျန်းဟန် ထိုနေရာမှ ထွက်လာခဲ့သည်။

ကားပေါ်သို့ ပြန်ရောက်သည့်အခါ မုန့်မုန့်သည် နောက်ခန်းထိုင်ခုံတွင် ကျန်းဟန်၏ဖုန်းဖြင့် ကားတွန်းကား ကြည့်နေဆဲဖြစ်သည်။

"ဖေ‌ဖေ ဘာလို့အရမ်းကြာနေတာလဲ"

မုန့်မုန့်သည် သူမ၏နှုတ်ခမ်းလေးကိုစူကာ ပြောသည်။

"ဖေဖေက သမီးတို့ အနာဂတ်မှာစားဖို့ ဟင်းချက်စရာတွေ သွားဝယ်နေတာ။ ဖေဖေက ဟင်းသီးဟင်းရွက်တွေကို သေသေချာချာ ရွေးနေလို့ နည်းနည်းကြာသွားတာပါ"

ကျန်းဟန် ဒရိုက်ဘာထိုင်ခုံတွင်ထိုင်ရင်း ပြုံးပြုံးလေးပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now