" ကြိုဆိုပါတယ်.... "
ဆိုင်တံခါးဝမှ ပွတ်တိုက်မူကြောင့်လှုပ်
ခတ်လာရာအသံတွေဘက်လှည့်ကာ
ချယ် ဧည့်ဝတ်ပြုသည်။" ဟင့်...! "
တစ်နေ့ကမိန်းမ။တိတိကျကျဆိုရပါရင် ချယ် အလစ်သုတ်ဖူးတဲ့မိန်းမ။လီလီကို
ဖော်မပြနိုင်တဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်
နေခဲ့သည့်မိန်းမ။သူ့ကဘယ်သူလဲ။လီလီ
နဲ့သူ့နှင့်ကြားမှာ ဘယ်လိုပတ်သတ်မူမျိုး
တွေရှိခဲ့ကြလို့လဲ။" Cappuccino တစ်ခွက် .."
ဒုတိယမြှောက်အမှာစကား၌လည်း တုံ့ပြန်သံတွေထွက်ကျမလာ။ဂျဲန်းနီတွေ့ချင်တာ လီလီကို...တွေ့လိုက်ရသည်ကား လီလီ စိုးရိမ်တကြီးပွေ့ချီသွားတဲ့မိန်းကလေး။
" ဒီမှာ... ကျမပြောတာတော့ကြားပါ
တယ်နော်..! "နှစ်ယောက်ကြားရှိနေသည့် ကောင်တာကို
မပြင်းလွန်းတဲ့အရှိန်နဲ့ပုတ်ချလိုက်သည်။
အဲဒီတော့မှ ရွေအိုရောင်အနားကွတ်တွေရဲ့ ဆံပင်ပိုင်ရှင်က ဂျဲန်းနီကိုသတိပြုမိပုံပေါ်
သည်။" ဟုတ်ကဲ့...ဘာများသုံးဆောင်ချင်
ပါသလဲရှင့် "" Cappuccino တစ်ခွက်။ဒါနဲ့ဆို ကျမ
ပြောတာ သုံးကြိမ်မြှောက်ဖြစ်သွားပြီ "" စိတ်အနှောင့်အယှက်ဖြစ်စေရင် တောင်း
ပန်ပါတယ်။စားပွဲမှာစောင့်ပေးပါ။ကျမ
လာပို့ပေးပါမယ် "" ဒီမှာစောင့်ယူရမှာမဟုတ်ဘူးလား "
" ကျမတို့ဘက်က ကာစတန်မာကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက်
ဝန်ဆောင်မူပေးတာပါ "" ဟုတ်ပြီ...."
ဂျဲန်းနီလှည့်ထွက်လာခဲ့သည်။ထောင့်ကျကျ
စားပွဲခုံမှာ နေရာယူတယ်။ပခုံးပေါ်က ကင်
မရာအိတ်ကိုဘေးခုံမှာတင်သည်။ ဘောင်း
ဘီအိတ်ထဲက ဖုန်းထုတ်၍ စားပွဲပေါ်တင်တယ်။ဆိတ်ငြိမ်နေတဲ့ ဆိုင်လေးထဲမှာ ပီ
ယာနိုသံအေးအေးလေးကလွှင့်ပျံနေတယ်။" ကောင်းကောင်းသုံးဆောင်ပါရှင့်... "
ကော်ဖီကိုချပေးတော့ မော့ကြည့်လာသည့်
အဲဒီမိန်းမနဲ့အကြည့်ချင်းဆုံသည်။အမျိုးအမည်မသိတဲ့အရိပ်တစ်ချို့အဲဒီမိန်းမရဲ့ မျက်ဝန်းမှာဖြတ်ပြေးသွားတော့ ချယ်ရင်
ထဲထိတ်ခနဲ။ငါများမှတ်မိသွားပြီလား။