142

8.4K 1.2K 29
                                    

{Unicode}

"လောင်းရဲလို့ ခံရဲပါတယ်"

ယဲ့ထင်သည် ရန်ကျားလိကိုခေါ်ပြီး အိမ်ပြန်လာသည်။

လဝက်ကျော်လောက် ပြန်ပေးဆွဲခံလိုက်ရပြီး ဆေးရုံတွင်လည်း ရက်အတော်ကြာမျှ နေခဲ့ရသောအခါ ရန်ကျားလိသည် အစကတည်းက ငြီးငွေ့နေပြီဖြစ်သည်။

ရန်ကျားလိသည် တစ်ချိန်လုံး ရွှင်လန်းတက်ကြွပြီး မြူးတူး ပျော်ပါးနေတတ်သူဖြစ်သည်။ သူ့ထံတွင် ထီပေါက်မည့် ထီလက်မှတ်ကို ကိုင်ဆောင်ကာ ဆုငွေ သွားယူရတော့ မလိုမျိုး ဝမ်းမြောက်အားရမှုတို့ ရှိနေတတ်သည်။

နောက်ဆုံး ယဲ့ထင် ကားရပ်လိုက်သောအခါ သူသည် ကားတံခါးဖွင့်ပြီး ကား၏အပြင်သို့ ခုန်ထွက်လိုက်သည်။ ခြေထောက်အောက်တွင် စပရင်ပေါ် တက်နင်းလိုက်ရသလိုမျိုး စံအိမ်ထဲ ခုန်ပေါက် ပြေးဝင်သွားတော့သည်။

ယဲ့ထင်သည် တစ်ဖက်က စတီယာရင်ကို လှည့်ကာ ကားရပ်နေရင်း တစ်ဖက်က ကူကယ်ရာမဲ့စွာနှင့် သူ့နောက်ကျောပြင်ကို ကြည့်နေရင်း သူသည် ထိုခံစားချက်ပြ memeထဲက မြက်ခင်းလွင်ပြင်ပေါ် ခေါင်းက နန့်တန့်တန့်နှင့် အပူအပင်မရှိ ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက်နေသည့် သိုးကြီးနှင့် တူနေသည်ဟုသာ ခံစားလာရသည်။

ရန်ကျားလိသည် တံခါးကို တွန်းဖွင့်လိုက်ပြီး ခေါင်းလေးပြူကာ အထဲကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အိမ်အတွင်းမှ ပြောင်းလဲမှုများက မသေးလှပေ။

ယခင်က အပြာရင့်ရောင် ထူထဲပြီး လေးလံသည့် ပြတင်းပေါက် လိုက်ကာသည် နွေးထွေးသော အဝါဖျော့ရောင် ပြောင်းလဲသွားပြီး ကော်ဇောသည်လည်း အသစ်လဲသွားကာ နူးညံ့ပျော့အိနေ၍ နင်းလိုက်လျှင် ပို၍ သက်တောင့်သက်သာ ရှိသည်။ ဆိုဖာပေါ်တွင်လည်း မမြင်ဖူးသည့် သိုးရုပ်ကြီးများသည် ပြတင်းပေါက် အပြင်ဘက်မှ ထိုးဖောက်ဝင်လာသော ရွှေရောင်လက်နေသည့် ဆည်းဆာနေရောင်အောက်တွင် ငြိမ်ငြိမ်သက်သက်နှင့် လဲလျောင်းနေကြသည်။ ပိုင်ရှင် အိမ်ပြန်လာမည်ကို မက်မက်မောမောနှင့် စောင့်ဆိုင်းနေကြသလိုပင်။

အားဖူသည် ရှောင်ဟွမ်တို့သည့် အသိုက်ထဲတွင် မလှုပ်မယှက်နှင့် အပြန်အလှန် လျက်နေကြပြီး နှစ်ကောင်သားသည် ရန်ကျားလိ ပြန်လာသည်ကို မြင်သည်နှင့် ပြေးလာကြသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now