"ဒါဆိုရင် အန်တီ့အရိုင်းစိုင်းလေးလုပ်မလား"
"အန်တီဘာပြောတာလဲ"
"ဪ.... အရှေ့နားဆိုအိမ်ရောက်တော့မယ်"
မြန်မြန်ရောက်မှ။ဒီမိန်းမကြီးအနားနေရတာ စကားပြောတိုင်းမော့ကြည့်ရလို့ဇာတ်ကျိုးမှာပဲ။ဘာစကားတွေပြောမှန်းလဲမသိ။
"ကလေးမ! မင်းအသက်ဘယ်လောက်လဲ"
"ကျွန်မအသက်လား "
"အင်း"
"အန်တီကဘာဖြစ်လို့သိချင်တာလဲ ××
တကယ်အရေးပိုင်မင်းကလွှတ်လိုက်တာလား"
"အန်တီ့ကိုလေ""မေးခွန်းတွေကလည်းတယ်များသကိုး"
"အန်တီ.... ဖြေလေ"
"မဟုတ်ဘူးရှင့် ကျွန်မကိုယ်တိုင်ကသိချင်နေတာပါရှင့်"
မျက်စောင်းတထိုးထိုးနှင့်လိုက်လာသော
ကလေးမအား သဘောကျစွာပြုံးမိသည်။
သူမထက်အရပ်အနည်းငယ်ပုနေသည့်ကလေးမ ဆူပုတ်ပုတ်ကလေး။ရှိမှ ထိုကလေးခေါင်းကသူမပုခုံးလောက်။
စကားပြောလိုက်ရင်လည်း ကျွန်မကျွန်မနဲ့ နားထဲကန့်လန့်ပင်။
စင်စစ် တည်ငြိမ်သောထိုကလေးမရုပ်ကိုသူမစိတ်ထဲချစ်စရာ ဟုပင်သဘောထားနေမိသည်။မျက်မှောင်ကျုံ့ပြီးကြည့်လျှင်လည်း မုန့်မရသည့်ကလေးနှယ်၊ မျက်စောင်းထိုးပြပြန်တော့လည်းချစ်စရာ။
အနှီကလေးမခေါင်းအားခပ်ဖွဖွပွတ်သပ်မိ၏။"အန်တီ ခေါင်းမကိုင်နဲ့ကျွန်မမကြိုက်ဘူး"
"ဒါဆိုဘာကိုင်ရမလဲ"
"အန်တီကဘာကိုင်ချင်တာလဲ"
စဉ်းစားဟန်ပြု၍ မျက်ခုံးနှစ်ဖက်တွန့်ချိုးထားသောထိုအမျိုးသမီးသည်မြင်ရတာအေးချမ်းနေပါ၏။ထိုအမျိုးသမီးနားနေရတာ သဘောကျပါ၏။လူတိုင်းကရွံရှာသလို ကြည့်ခဲ့သည်မှာနှစ်အတော်ကြာခဲ့ပြီ။ယခု သူမအားကလေးတစ်ယောက်လိုချော့မြှူနေသောအမျိုးသမီးအား ခင်တွယ်မိသည် သို့သော် စိတ်ကမဖြစ်နိုင် ခပ်တန်းတန်းနေရမည်။ထိုအမျိုးသမီးကိုသူမကြောင့် နာမည်အပျက်မခံနိုင်။
"လက်"
"ရှင်"
"ကလေးမ လက်ကိုင်မယ်လေ ဒါဆိုခေါင်းမကိုင်မိတော့ဘူးပေါ့"
BINABASA MO ANG
"မာနခေါင်ခိုက် သိန်းထိုက်သည်"
Actionစကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြစ် နေတတ်ပါတယ် ကျွန်မက ပြည့်တန်ဆာမတယောက်ဆိုတော့