အပိုင်း(၁၄)

7.9K 628 21
                                    

"ဆန်ပြုတ်ကုန်ရဲ့လားကလေး"

"ယိမ်းမသောက်ချင်တော့ဘူး"

"အားရှိမှပေါ့ကွယ်×× ဒီနည်းနည်းလေးရယ် ကုန်အောင်သောက်စမ်းပါလား"

ယိမ်းဟာဒေါ်မြသူဇာရင်ခွင်ထဲသို့တိုးဝင်မိ၏။သွယ်လျသောခါးတစ်စုံအားတင်းကြပ်စွာဖက်ထားသည်။မြရင်ဘတ်မှနှလုံးခုန်သံအား နားစွင့်နေရင်း။

"ယိမ်းက HIVမလား"

ဒေါ်မြသူဇာချက်ခြင်းပင် ရင်ခွင်ထဲမှမိန်းကလေးက ဆွဲဖယ်မိပါ၏။သို့သော် ယိမ်းအန်တီ့ ခါးအားပိုလို့ပင်တင်းကြပ်စွာဖက်တွယ်ထားသည်။

"မ မဟုတ်ပါဘူး ဘာလို့များအဲ့ဒီ့လိုထင်နေတာလဲ ...... အန်တီကလေးငယ်ကလေ အားနည်းနေရုံပါပဲ"

"ယိမ်းသိပါတယ် ကြားခဲ့ပြီးသားစကားတွေပါအန်တီရယ်×× ယိမ်းလိုမိန်းမပျက်ကဒီရောဂါဖြစ်တာ အထူးအဆန်းမဟုတ်ပါဘူး"

"မဖြစ်ရဘူးကွယ်မဖြစ်ရပါဘူး မင်းကိုအန်တီ့ရင်ခွင်ထဲက ဆွဲထုတ်သွားမယ့်ရောဂါကအစ အန်တီသိပ်မုန်းတယ်"

မြသူဇာအကြောက်အကန်ငြင်းမိနေသည်။ဒီရောဂါကိုမသိစေချင်ခဲ့ပေမယ့် ယိမ်းနွယ်ကသိသွားခဲ့ပြီ။သူမဘယ်လိုလုပ်ရပါ့မလဲ။
ယိမ်းနွယ်သည်လည်းမြသူဇာအားတင်းကြပ်စွာဖက်တွယ်ထားခဲ့ပါ၏။

"ယိမ်းသိတာကြာပေါ့ အန်တီရယ်"
"အန်တီမပြောခဲ့လို့သာ ယိမ်းမသိသလိုနေခဲ့တာပါ"

ယိမ်းနွယ် ရင်ခွင်ထဲမှ ဒေါ်မြသူဇာအားမော့ကြည့်ရင်းဆိုပြန်၏။

"အဲ့ဒါကြောင့် အန်တီက ယိမ်းကိုချစ်လို့မရဘူး အမျိုးသမီးနှစ်ယောက်ချစ်တာကိုလက်ခံနိုင်ရင်တောင်လေ ......"
"ယိမ်းဘယ်အချိန်သေမလဲမသိနိုင်ဘူး
အန်တီ"

"မပြောပါနဲ့! မျပြာပါနဲ့ကွယ် သေမယ်ဆိုတဲ့စကားကိုမပြောပါနဲ့ ×××အန်တီ ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် မင်းကိုအသက်ရှင်အောင်လုပ်မှာမလို့ အဲ့ဒီ့လိုတွေမပြောပါနဲ့လားကလေးမရယ်"

ထို့နောက်ယိမ်းနွယ်သည်မြသူဇာအားပြုံးပြနေပြန်သည်။နားလည်ရခက်လိုက်တဲ့ယိမ်းနွယ်။မြသူဇာ ယိမ်းနွယ်အားမကြည့်ရဲလောက်အောင်ပင်တုန်လှုပ်နေခဲ့ပါ၏။ထိုကလေးငယ်မျက်နှာအားမမြင်ဝံ့နိုင်။

"မာနခေါင်ခိုက် သိန်းထိုက်သည်"Where stories live. Discover now