အပိုင်း(၇)

8.8K 751 30
                                    

"ကလေးမ"
"အန်တီမင်းကိုမေးစရာရှိသေးတယ်"

"ဘာမေးမလို့.....အန်တီအဖြေတောင်းမလို့လား မပေးနိုင်ပါဘူးနော်"

"အိုကွယ် ချက်ခြင်းတောင်းစရာလား "
"မေးတာသာဖြေ"

"ဟုတ်ကဲ့"
ခေါင်းတညိမ့်ညိမ့်လုပ်ပြသောကလေးမအား အသာအယာပြုံးပြကာ ဆံနွယ်တချို့အားသပ်တင်ပေးမိ၏။

"ထွက်မပြေးဘူးလား အဲ့ဒီ့နေရာကနေ"

"........"

"ယိမ်းထွက်ပြေးဖူးပါတယ် ဒါပေမယ့် အဲ့ဒီ့တုန်းက မသွားတတ်မလာတတ်နဲ့ ပြီးတော့အကူညီတောင်းစရာလူလည်းမရှိဘူး"

"အဲ့ဒါနဲ့ပဲ ယိမ်းကိုပြန်တွေ့သွားကြတာ..........ယိမ်းလေ အဲ့ဒီ့တုန်းကဖြင့် သေသာ သေလိုက်ချင်တော့တယ်××သူတို့ယိမ်းကိုနှိပ်စက်လိုက်ကြတာ ဆိုတာအလွန်အကျွံပါပဲ"

"ကလေးရယ် ဒါဖြင့်အခုသွားတတ်လာတတ်နေပြီမဟုတ်လား မင်းထပ်မပြေးဘူးလား"

"ဟင့်အင်း လူတွေကယိမ်းကိုမြင်ရင် ရွံကြတယ်လေအန်တီရဲ့ ယိမ်းသွားပါရောလား ဘယ်နားဝေးဝေးပြေးနိုင်မလဲ ယိမ်းမှာဆွေမျိုးလည်းမရှိ၊ပြေးစရာပိုက်ဆံလည်းမရှိ"

"ယိမ်းတို့ကိုခိုင်းစားရုံသက်သက်ရယ် ရလာသမျှသူတို့ပဲယူတာ ယိမ်းတို့ကို မသေရုံထမင်းပဲကျွေးတယ်အန်တီ"
"အဝတ်အစားတွေတောင်....လာတဲ့လူတွေကဝတ်စေချင်လို့ဆိုပြီးပေးခဲ့တာ"

"အခုရော မင်းအဲ့ဒီ့မှာနေချင်သလား အန်တီကမင်းဘက်ကနော် ကလေးမ"

"မနေချင်ဘူးအန်တီ ယောက်ျားတွေနဲ့အတင်းအိပ်ခိုင်းကြတယ် ပင်ပန်းရင်လည်းပေးမနားဘူး×× အန်တီ ယိမ်းအဲ့ဒီ့မှာမနေချင်တော့ဘူး"

"ဒါဖြင့်အခုကစပြီးကလေးမကအန်တီ့အပိုင်ပဲနော်"

"ဘာကြောင့်အန်တီပိုင်တာ"

"မင်းကို အန်တီ့ဇနီးလုပ်ဖို့ဖမ်းခေါ်သွားမလို့ကွယ်"
နှာခေါင်းရှုံ့ပြကာ အပိုတွေဟူသော အမူယာကလေးနှင့်ထိုကလေးငယ်ဟာ ချစ်စရာအတိ။ခေါင်းကလေးအားပွတ်သပ်ပေးလျင်လည်းအလိုမကျစွာ တွန်းထုတ်တတ်သေးသည်။

"မာနခေါင်ခိုက် သိန်းထိုက်သည်"Où les histoires vivent. Découvrez maintenant