Part-8💛💚

734 82 3
                                    

Jk:Min!!!!!!

ထို့နောက် Jkဟာ Jiminရဲ့ ကိုယ်လေးကို မြေပေါ်သို့မကျစေရန် လက်နဲ့ ခံပွေ့ထားလိုက်သည်။ ထို့နောက် မိုးတွေသည် ရုတ်တရက်ဆန်ဆန် ခြိမ်းလာသည်။ မိုးခြိမ်းသံသည် အလွန်ပင် ကျ်ယကျယ်လောင်လောင်ဖြစ်ခဲ့သည်။ Jkသည် အလုံးစုံသော အာရုံတွေကို Jiminဆီကိုသာ ပေးထားတာကြောင့် မိုးဆီကို အာရုံမရောက်တော့။ ဂူထဲမှာမို့ မိုးခြိမ်းသံက ပိုအူထွက်​နေသည်။ ပိုကျယ်နေသည်။ ပင်လယ်ဓားပြတွေက နားကွဲမတတ်ခံစားရတာကြောင့် ဂုထဲမှည မနေပဲ အပြင်ကို ထွက်လိုက်ကြသည်။ အပြင်လည်းရောက်ရော ထိုပင်လယ်ဓားပြများကို မိုးကြိုးပစ်ချလိုက်သည်။ မိုးကြိုးပစ်သံကိုတောင် Jkမကြားလိုက်ပါ။ မိုးကြိုးသည် လျှပ်ကွင်းတွေလည်း ရှိမနေခဲ့ပါ။ ဒါဟာ ပင်လယ်ကြီးက သူတို့ရဲ့ ရတနာလေးဖြစ်တဲ့ ဘုရင်လောင်းလေး Jiminကို ထိတဲ့အတွက် အပြစ်ပေးခြင်းပင်။ Jiminသည် ရေတွေနဲ့ ပြည့်နေတဲ့ ပင်လယ်ကြီးရဲ့ မင်းသားလေး ရတနာလေးဖြစ်သလို၊ လူအများက သတ်မှတ်ထားတဲ့ မာယာတွေနဲ့ ပြည့်နေတဲ့ Jkဆိုတဲ့ ပင်လယ်လေးရဲ့ ဘုရင်၊ ရတနာလေးပဲ မဟုတ်လား။ Jiminကိုသာ အားတင်းထားဖို့ ပြောနေသည်။

Jk:Min...ခနလေး အားတင်းထားပါနော်...နော်...

Jkသည် တုန်တုန်ယင်ယင်နဲ့ အင်္ကျီကိုချွတ်ကာ Jiminရဲ့ ဒဏ်ရာနားကပ်ထားလိုက်သည်။ Jkသည် မျက်ရဘ်စတွေနဲ့ ပြောနေပေမဲ့ Jiminကတော့ Jkကို ပြုံးကာ ကြည့်နေပြီး Jkရဲ့ မျက်ရည်စက်နွေကို လက်သေးသေးလေးတွေနဲ့ သုတ်ပေးနေသည်။

Jimin:မငိုပါနဲ့...ခရမ်းရောင်လေးရေ...မငိုပါနဲ့...

Jiminအသံသည် တကယ်ကို တိုးလျှလျှလေး...ဒါပေမဲ့ စတွေ့တုန်းက ပြောခဲ့တဲ့ လူရဲ့ စိတ်ကိုကြွစေတဲ့ တိုးလျလျလေးမဟုတ်တော့ပဲ ငိုကြီးချက်မငိုချလိုက်ချင်အောင် ဝမ်းနည်းဖို့၊ သနားဖို့ကောင်းနေတဲ့  အသံ တိုးလျလျလေး ဖြစ်နေခဲ့သည်။

Jk:ကိုကယ်မယ် Min...Minကို ကိုရအောင် ကယ်မယ် ခနလေးပဲ သည်းခံပေးနော်...

Jkသည် ကယ်မယ်သာပြောနေသည်။ ဒီကမ်းပေါ်မှာ ဆေးရုံတွေ၊ ဆေးခန်းတွေ မပြောနဲ့၊ လူနေအိမ်တွေတောင်ိ မရှိသည်မလား။ Jiminသည် Jkကို ပြုံးကြည့်နေပြန်ကာ....

ပင်လယ်ဖြစ်ရပါလို၏⛵💙Where stories live. Discover now