143

8.2K 1.3K 59
                                    

{Unicode}

"သွေးရေ ဒလဟော"

ရန်ကျားလိသည် ယဲ့ထင်၏ အနမ်းကြောင့် အသက်ရှူကျပ် လုနီးပါး ဖြစ်လာသည်။

သူသည် နှာခေါင်းထဲတွင် ညစ်ညူးစွာ ညည်းတွားနေပြီး ခေါင်းလှည့်ကာ ယဲ့ထင်၏ ဝံပုလွေလိုလို ကျားလိုလို ထိုးစစ်ဆင်မှုကို ရှောင်ရှားချင်လာသည်။

ယဲ့ထင်သည် လက်တစ်ဖက်ဖြင့် သူ့ခါးကို ပိတ်နှောင်ထားကာ ကျန်လက်တစ်ဖက်က သူ့မေးစေ့ကို ညှစ်ထားသည်။ သူ့အား နည်းနည်းလေးမှကို မခွဲခွာသွားစေလိုသည့် အတိုင်းပင်။

ရန်ကျားလိသည် အသက်ပင် ရှူမရတော့သလို ဖြစ်လာပြီး ရီဝေနေသည့်ကြားမှ ယဲ့ထင်၏ လက်ကိုင်ဖုန်းက ထပ်မံ မြည်တမ်းလာသံကို ကြားလိုက်ရသည်။

သူသည် ကြိုးစားပမ်းစား အင်အားသုံးပြီး ယဲ့ထင်၏ သံကဲ့သို ပွေ့ဖက် ပိတ်လှောင်ထားမှု ကြားမှ ခေါင်းကို ဆွဲထုတ်လာကာ မျက်နှာမှာလည်း ရှက်နေ၍ပဲလော၊ အညှစ်ခံထားရ၍ပေလော မသိနိုင်အောင် နီမြန်းနေကာ အသက်ရှူသံကပါ အသံထွက်နေရင်း စကားဆိုလာသည်။

"မင်း ဖုန်းမြည်နေတယ်၊ ဖုန်းကိုင်လိုက်..."

ယဲ့ထင်သည် ခေါင်းမာစွာနှင့် လူကိုပြန်ဆွဲလိုက်ပြီး ဆက်လက် အနိုင်ကျင့်နေကာ

"မကိုင်ဘူး၊ သူ့ကို ဂရုမစိုက်ဘူး"

"ကိုယ်မင်းနဲ့ပဲ အရင် စာရင်းရှင်းတော့မယ်။ တခြားဟာတွေက ဘာမှ အရေးမကြီးဘူး"

ပြောပြီးသည်နှင့် လက်ဆန့်ထုတ်ကာ နောက်တစ်ကြိမ် ဖုန်းကို ချလိုက်သည်။

ယဲ့ထင်သည် ရန်ကျားလိ၏ အင်္ကျီကို ချွတ်လိုက်ပြီး ရန်ကျားလိ၏ ကျစ်လျစ်သော်လည်း လူငယ်ဆန်ဆန် အချိုးအဆစ်တို့ ရှိနေသော ခန္ဓာကိုယ် ပုံသဏ္ဍာန်ကို ကြည့်နေရင်း မျက်လုံးက နက်မှောင် ကြမ်းကြုတ်လာကာ သားကောင်ကို ဖမ်းမိထားပြီး လှုပ်ရှားဖို့ရန် အရှိန်ယူနေသော သားရဲကောင်ကြီးနှင့် တူပေသည်။

ရန်ကျားလိသည် မေးစေ့ကို ရင်ဘတ်ပေါ် ထောက်လိုက်ပြီး သူ့ကိုကြည့်ကာ သရော်ပြုံးသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now