Uni _Part.1

8.1K 192 9
                                    


"သားလေး"

"ဗျာ မေမေ "

"သား ဒီနေ့က စ ပြီး သားငယ်လေး တော်ဝင်သွေးကို စောင့်ရှောက်ရမယ်နော်သား ...သား ညီ လေးရဲ့ မိဘတွေ က မရှိတော့ပေမယ့် သားငယ်လေး က မေမေတို့ အတွက် သား အရင်း လေး တစ်ယောက်လိုပါပဲ "

ဒေါ်ခင်မေတစ်ယောက် အိပ်ယာလေး ထပ် ဖျော့ တော့ စွာ လှဲ လျောင်းနေရင်းမှ ရာစု၏ လက်ကလေး အား ဆုပ်ကိုင်ကာ လောက ကြီး အား အရုံး ပေးတော့ မည့် လူ တစ်ယောက် နယ် ရာစုကမ္ဘာဇိုင်း အား အမှာ စကား ဆို ကာ တစ်ဖွ ဖွ ပြော လို့နေခဲ့ လေသည်။

ရာစု ၏ ဖခင်မှာ ရာစု ငယ်ငယ်ကထဲ က ဆုံး ပါးသွား ခဲ့ ရပြီး အမေတစ်ခု သား တစ်ခု နဲ့ သာ ဘဝ အား ရုန်းကန်ကာ ရှာ ဖွေစား သောက် ခဲ့ ကြရလေသည်။ ထို ကြား ထဲ မှ ဆင်း ရဲ လှသော ရာ စုတို့ သား အမိလေး ဘဝ ထဲ သို့ တော်ဝင်သွေး ဆို သည့် ကလေး ငယ်လေး တစ် ဦး ရောက် လာခဲ့ လေသည်။

အသွေး၏ မိဘများ မှာ ရာစုမေမေ၏ အချစ်ဆုံး နှင့် အရင်း နှီး ဆုံး သော သူ ငယ် ချင်း များ ဖြစ်ကြလေသည်။ မထင်မှတ်ပါသော ကံတရား ကြီး ကြောင့် အသွေး လေး ၅နှစ် သား အရွယ်မှာ ပင် အသွေး ၏ မိဘများ မှာ ကွယ် လွန် သွား ခဲ့ ကြလေသည်။ ထို အချိန်က ရာစု မှာ အသက် ၁၀ နှစ် အရွယ်သာ ရှိသေးသည်။ အရင်း နှီး ဆုံးသူငယ်ချင်း ဖြစ်သည့် ရာစု မေမေက ပင် အသွေး အား မွေးစား ခဲ့လေသည်။ ယခု ဆို လျှင်ဖြင့် အသွေး လေး ပင်
အသက် ၈နှစ် ရှိခဲ့လေပြီ ဖြစ်လေသည်။

"သားငယ်လေးကို ကောင်းကောင်း ဂရုစိုက်ပါနော်  "

"သားငယ်လေး ကိုကြီးရဲ့ စကား ကို နား ထောင်နော် လိမ်လိမ်မာမာနေ"

ဒေါ်ခင်မေတစ်ယောက် သား နှစ်ယောက် ၏ လက်ကလေး များ အား ဆုပ်ကိုင်လျှက် ဘဝ တစ်ပါး သို့ ကူး ပြောင်း သွား ခဲ့ ရလေသည်။

"မေမေ မေမေ  သားတို့ ကို မထား ခဲ့ ပါနဲ့ အဟင့် အဟင့် ..မေမေရေ သား တို့ ကို မထား ခဲ့ ပါနဲ့ လို့ "

အသွေး လေး  အသက်မဲ့ သွား လေသော ဒေါ်ခင်မေ အား ဖက် ကာ ငိုနေခဲ့ လေတော့ သည်။ ရာစု ငို ချင်သော် လည်း မျက် ရည်များ ပင် ထွက် မလာ နိုင်တော့ ချေ။ ရာစု ငို လျှင် အသွေး ပို ၍ ပင် ဝမ်းနည်း ချေ မည်ကို ရာစု မလို လား ပေ ။ အကိုကြီး တစ်ယောက် အနေ နဲ့ ရာစု အသွေး လေး အား ဖက် ကာ နှစ် သိမ့်ရုံ မှ တစ် ပါး ဘာမျှ မတက် နိုင်ခဲ့ ချေ။

ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)Where stories live. Discover now