Uni_Part.10

1.2K 53 0
                                    

ရာစု စီးလာသော ကားလေးမှ တစ်ဖက်မှ အရိုန် နှင့် မောင်း လာသည့် ကုန်ကား ၏ တိုက်မှု့ကြောင့် ရာစု၏ ကားလေး ပင် လွင့်သွား ခဲ့ ရကာ ကား မှန် များ မှာ လည်း လမ်း၏ ကြမ်း ပြင်များ နှင့်လတိုက်ခိုက်ခံ ရမှုကြောင့် ကွဲ ကြေ လွင့် ထွက်ကုန်ရာ မှန်ကွဲ စ အချို့ မှာ ရာစု ၏ မျက်လုံး ရှိ မျက်ကြည် လွှာလေး သို့ ထိုးဖောက်ကာ ဝင်ရောက် လာခဲ့လေသည်။

ကားနှစ်စီးမှာ တိုက်ခိုက်မှု ကြောင့် ပတ်ဝန်း ကျင်ရှိ လူ များမှာ ထို ယာဉ်တိုက်မှု ဖြစ်ငည့် နေရာသို့ ရောက်လာ ခဲ့ ကာ မကြာ မှီ အချိန် အတွင်း မှာ အရေး ပေါ် ကား လည်း ရောက်လာ ခဲ့ လေသည်။ ကား ထဲ မှ ဒဏ်ရာ များ နှင့် သတိမေ့ နေသော ရာစု နှင့် တစ်ဖက်မှ ကား သမား အား လျှင် မြန်စွာ ဖြင့် ဆေးရုံ သို့ ခေါ် လာ ခဲ့ လိုက်ကြလေသည်။

"Hello ဒေါက်တာ "

"ဒေါက်တာ့ သူ ငယ် ချင်း  ဒေါက်တာ ရာစုကမ္ဘဇိုင်း ယာဉ်တိုက်မှု ဖြစ်လို့ ခု ဆေးရုံ ကိုရောက်နေပါတယ်"

"ဘာ ..ငါ အခု ချက် ချင်း လာခဲ့မယ် "

"ဟုတ် ဒေါက်တာ "

ဒေါက်တာ မင်း အောက်ထိုက်တစ်ယောက် ကောင်လေး ၏ အခန်းထဲ ၌ ကောင်လေး အား ထိုင်စောင့်နေရင်း မှ ဆေးရုံ မှ သူ နာ ပြု ဆရာ မလေး ၏ ဖုန်းဆက်ကာ ပြော လာ သည့် စကား ကြောင့်မင်းအောင်ထိုက် တစ်ယောက်  ချက်ချင်းပင် ဆေးရုံ သို့ လာရန် ပြင်လိုက်လေသည်။

"ဘာ ဖြစ်တာလည်း "

"ရာစု ..ရာစု ကားတိုက်မှု ဖြစ်လို့ ကောင်လေး "

"ဗျာ ..ဦးဇိုင်း ကားတိုက် ခံ ရလို့ ဟုတ်လား "

"ဟုတ်တယ်ကောင်လေး ..ကိုယ်အခု ပဲ ဆေးရုံ သွားမလို့ "

"ကျုပ် ..ကျုပ်လည်း လိုက်မယ် "

မင်းအောင်ထိုက်တစ်ယောက် ကောင်လေး အပြော ကြောင့် ခေါင်း လေး ငြိမ့် ပြလိုက်ကာ ကောင်လေး နှင့် နှစ်ယောက်အတူ ရာစု ရှိ ရာ ဆေးရုံ သို့ လာ ခဲ့ လိုက်ကြလေသည်။

"အခြေနေ ..ဘယ်လို ရှိလည်း ဆရာမ "

"အခြေနေ တော့ မသိရသေးပါဘူး ..ဒေါက်တာ ရာစု ခု  အရေးပေါ်ခန်းထဲ ရောက်နေ ပါတယ် ဆရာ"

ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)Where stories live. Discover now