Uni_Part.7

1.1K 59 0
                                    

"အဲ့ကောင်က ဘယ်သူလည်း ဦးဇိုင်း ..ဘာကြောင့်လည်း ..ဘာကြောင့် ကျုပ်မဖြစ်ရတာလည်း ..ခများလည်း အခြားသူတွေလိုပဲ ..ကျုပ်ကို သနားစရာကောင်ထင်နေတာလား "

"ဟင့်အင်း ..မဟုတ်ဘူး ..ခများ က ကျုပ်အပိုင်ပဲ ဖြစ်ရမှာ "

"ခများ ကျုပ်ကို ကယ်ခဲ့ တဲ့နေ့ ထဲ က ..ခများ အတွက် ကျုပ်ဘဝ ကို ပုံအပ်ခဲ့ ပြီး သား ..မဖြစ်ရဘူး ..အဲ့ကောင်က ခများ အချစ်ကို ခံ ယူမယ့် ကောင်မ ဖြစ် ရဘူး "

ကောင်လေး အိမ်ထဲ သ်ု့ ဝင်ရန် ရွယ်နေ သော ခြေလှမ်း များ အား အရဲ စွန့် ကာ ရာစု သို့ ရှိ ရာ သို့ လျှောက် လာ ခဲ့လိုက်လေသည်။

"ဒါက ဘာတွေ ဖြစ်နေတာလည်း "

"အိမ်မှာ ကျွန်တော် ရှိ သေးတယ်ဆိုတာလည်း သတိ ရပါအုန်း "

ရာစု ခေတ် အား နမ်းနေရာ မှ ကောင်လေး၏ အသံ ကြားကာ မှ ခေတ် အား နမ်းနေသည်အား လွတ် လိုက်လေသည်။

"ကို ..ကို တောင်း ပန်ပါတယ် အသွေး "

"က်ုကြီး တောင်း ပန်ပါတယ် ..ကိုကြီး စိတ်နည်း နည်း လွတ်သွား လို့ပါ ကွာ "

ခေတ် သူ့ အား အသွေး ဟုခေါ် ကာ တောင်း ပန်နေသော ဒေါက်တာ ရာစု အား ကြည့် ကာ နား မလည်သည့် ဟန် ဖြင့် ကြောင်အန်းအန်းလေး သာ ရာစု အား ကြည့် နေမိခဲ့လေတော့သည်။

"အသွေး ဟုတ် လား ..ဒေါက်တာ ..ကျွန်တော် နား မလည် တော့ ဘူး "

"ပြီးတော့ ဒေါက်တာက ကော .ဘယ်လို လုပ် ပြီး ကျွန်တော့ အိမ်မက်ထဲ က ဒီက လေး နှစ်ယောက်နဲ့ ပက်သက်နေတာလည်း "

"ကျွန်တော် ရူး ချင်လာ ပြီ "

"မင်း ရူးတာ နောက်မှ မင်း ဘာသာ ဘယ် အချိန်ရူးရူး ..မင်းက ဘယ်က ဘယ်လို ဒီအိမ်ကို ရောက်လာတာလည်း "

ကောင်လေး တစ်ယောက် ဒေါသမျက်ဝန်း တို့ ဖြင့် ခေတ် အား ကြည့် ကာ မေးလိုက်လေသည်။

"ကို ခေါ်ခဲ့ တာ ကောင်လေး "

"ဒါနဲ့ ဘယ်အချိန်ထဲ က ပြန်ရောက်နေတာလည်း "

"အဟက် ဘာလည်း ..ခများက ကျုပ်လာလို့ ခများတို့ အတွက် အနှောက် အယှက် ဖြစ်သွား လို့လား ..အဲ့ ဒါဆို ကျွန်တော် ထွက်သွားပေးမယ် "

ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)Where stories live. Discover now