Uni_Part .13

1.4K 61 4
                                    

ရက်အနည်း ငယ် ကြာသော် ရာစု ၏ မျက်လုံး ခွဲ စိတ်ရမည့် နေ့လေးသို့ရောက်လာခဲ့လေသည်

"ကိုကြီး ..ဘာမှ မကြောက်နဲ့နော် ..သား ကိုကြီး အနား မှာ အမြဲ ရှိနေ မယ် သိလား "

ရာစု အသွေးအပြော အား ခေါင်းလေး သာ ငြိမ့် ပြလိုက်လေသည်။ မေ့ဆေးပေးထားသည်မို့ ရာစု တစ်ဖြေးဖြေး နှင့် အိပ်ပျော်သွား ရကာ ဒေါက်တာ များ မှာလည်း ရာစု အား ခွဲ စိတ်ခန်းထဲ သို့ ခေါ်လာ ခဲ့ ကြလေသည်။

ဒေါက်တာ ထူးခန့် မျက်နှာသို့ကမကောင်စလှ ပေ။ တစ်စုံ တစ်ရာ အား ဝမ်းနည်း နေသည့် ဟန် ဖြင့် ခွဲ စိတ်ခန်းထဲ သို့ အလှူ ရှင်၏ မျက်ကြည် လွှာအား ယူ ကာ ရာစု အား ခွဲ စိတ်ကာ ကုသပေးခဲ့ လိုက်လေသည်။

"4နာရီ အကြာ ခွဲ စိတ်ပြီး နောက် ဒေါက်တာ များ ခွဲ ခန်းထဲ မှ ထွက်လာ ခဲ့ လိုက်လေသည်။

"ထူးခန့် ..ရာစု အခြ အနေ ဘယ်လို လည်း "

ခွဲ ခန်းထဲ မှ ထွက်လာသည် ဒေါက်တာ ထူးခန့် အား ဒေါက်တာ မင်းအောင်ထိုက်မေးလိုက်ခြင်း ဖြစ်လေသည်။

"ရာစု အဆင်ပြေပါတယ် ..ခွဲ စိတ်မှုလည်း အောင်မြင်ပါတယ် "

ထူးခန့် ပြောသာ ပြောနေ ခဲ့ သည် မျက်နှာ သို့ က လုံးဝ မကောင်းပေ ။ မျက်ဝန်း အိမ်မှ မျက်ရည် စလေး များ ပင် ရစ်ဝဲ လို့ နေခဲ့လေသည်။

"ဟင် မင်းပြောတော့ အောင်မြင်တယ်ဆို ..ဘာ လို့ မင်း မျက်နှာ က ဒီလောက်ထိ ဝမ်းနည်း နေရတာလည်း "

မင်းအောင် ထိုက် အမေးကြောင့် ထူးခန့် ရပ်နေ သည့် ဒူး များ ပင် မခိုင်တော့ ပါပဲ ဒေါက်တာ မင်းအောင် ထိုက်အား အမှီ ပြု ကာ ငို မိခဲ့ လိုက်လေသည်။

ရာစု ကိုတော့ အခြား သူနာပြု များ နှင့် ရာစု ၏ အခန်းသို့ ပို့ပေးလိုက်ကြလေသည်မို့ အသွေးလည်း ရာစု အနောက်သို့ လိုက်သွား ခဲ့လိုက်လေသည်။

"ထူးခန့် ..ဒီလို အရေး ကြီးတဲ့ နေ့မျိုးမှာ ကောင်လေး က ဘယ်ရောက်နေတာလည်း "

"ဒီကလေးတော့ ..ဘယ်နား သွားဆိုးနေပြီလည်း မသိပါဘူး ကွာ "

မင်းအောင်ထိုက်အပြောကြောင့် ထူးခန့် တစ်ယောက် ရင်နာလွန်း၍ အသံပင် ထွက်ကာ ငိုခဲ့ မိလိုက်လေသည်။

ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)Where stories live. Discover now