144

8.5K 1.3K 106
                                    

{Unicode}

"သွေးအေးရက်စက်"

ယဲ့ဖန်တစ်ယောက် ရုတ်တရက် စကားမပြောတော့ပေ။

သူသည် မူလနေရာတွင်သာ ရပ်နေပြီး တံ့နေသော အကြည့်ဖြင့် ယဲ့ထင်ကို ကြည့်နေခဲ့သည်။ သူပြောသွားသည့် စကားကို နားမလည်လိုက်သည့် အတိုင်းပင်။

ယဲ့ထင်သည်လည်း တည်ငြိမ်စွာနှင့် ယဲ့ဖန်ကို ပြန်ကြည့်သည်။

သူ၏ အမည်ခံ ထိုအစ်ကိုဖြစ်သူမှာ သူနှင့် နှစ်ပေါင်းများစွာ အတိုက်အခံ လုပ်လာပြီး အရင်ကတည်းက မိမိကိုယ်ကိုယ် အထင်ကြီး ဘဝင်မြင့်ကာ ရက်စက် ကြမ်းကြုတ်တတ်သူဖြစ်သည်။ ၎င်းမှာ နှစ်အတော် ကြာပြီးနောက် ယဲ့ဖန်၏ မျက်နှာပေါ်တွင် ထိုကဲ့သို့ ကလေးတစ်ယောက်လို ပဟေဠိ ဖြစ်နေသည့် ပုံစံကို ယဲ့ထင် ပထမဆုံး မြင်ဖူးခဲ့ခြင်းဖြစ်သည်။

အကျဥ်းသားကို လွှဲပြောင်းပေးဖို့ရန်မှာ အလွန်အမင်း အချိန်ကြန့်ကြာနေ၍ ရဲသားက စိတ်မရှည်နိုင်တော့ပေ။

သူတို့သည် ယဲ့ဖန်၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကြပြီး လူကို ခပ်တင်းတင်း ဆွဲချုပ်ကာ တရားရုံးဆီသို့ ဦးတည်မည့် ကားထဲ ထည့်လိုက်ကြသည်။

ယဲ့ဖန်သည် ထပ်မံ ခုခံတွန်းလှန်ခြင်း မရှိတော့သလို အော်ဟစ်နေခြင်းတို့လည်း မရှိတော့ဘဲ လူစားထိုး ခံလိုက်ရသည့်အတိုင်း တိတ်ဆိတ် ငြိမ်သက်သွားသည်။

သူသည် တစ်လျှောက်လုံး ခေါင်းပြန်လှည့်နေပြီး မှောင်မိုက်နေသော မျက်လုံးက ပြူးကျယ်နေလျက် မျက်ဖြူသားပေါ်တွင် ကွေးကောက် လိမ်ပတ်နေသော ထူထူထပ်ထပ် သွေးကြောနီများ စုရုံးနေပြီး ယဲ့ထင်ကိုသာ စေ့စေ့ စိုက်ကြည့်နေသည်။ နှုတ်ခမ်းက လေးငါးကြိမ်မျှ ဟလာခဲ့သော်လည်း စကားလုံး တစ်ဝက်ပင် ထုတ်မပြောနိုင်ခဲ့ဘဲ ရုတ်တရက် စကား မပြောနိုင်တော့သလို ဖြစ်သွားတော့၏။

ယဲ့ထင်သည် သူ့အား ဆွဲခေါ်ကာ ကားပေါ် တင်လိုက်ကြပြီး တရားရုံးကိုသွားမည့် ကားက တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်ကို ကြည့်နေခဲ့သည်။

ယဲ့ထင်သည် နဂိုနေရာတွင် တစ်အောင့်လောက် ရပ်နေခဲ့ပြီးမှ ကားထဲ ပြန်သွားကာ ချက်ချင်း ကားစက်မနှိုးဘဲ ကားမှန်ကိုချကာ ကားထဲမှာထိုင်ရင်း တိတ်တဆိတ်နှင့် ဆေးလိပ်သောက်နေခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now