145

8.4K 1.2K 51
                                    

{Unicode}

"လုံးဝ လက်မခံဘူး"

ရန်ကျားလိသည် စိတ်အားထက်သန်စွာနှင့် ယဲ့ထင်ကို ကြည့်နေသည်။

ယဲ့ထင်သည် လုံးဝကို မျက်နှာသာ မပေးဘဲ ခေါင်းယမ်းကာနှင့် တဲ့တိုး ပြောဆိုသည်။

"ဘယ်လိုမှ မလဲဘူး"

ရန်ကျားလိသည် မျက်လုံးကျယ်သွားပြီး နို့သောက်ခွေးလေးအတိုင်း သွားစွယ်များကို ထုတ်ပြလာကာ

"မင်းကို နောက်တစ်ခါ ပြောဖို့ အခွင့်အရေး ပေးမယ်"

ယဲ့ထင်က ရယ်လိုက်ပြီး ရန်ကျားလိကို ရင်ခွင်ထဲ ဆွဲလိုက်ကာ လည်ပင်းပေါ် တစ်ချက်နမ်းလိုက်ပြီး နွေးထွေးစွာဆိုသည်။

"မင်းရဲ့ အဲ့ဒီအကြံက အရမ်းကို ပညာသားပါပြီး တော်တော်လေး မဆိုးတဲ့အပြင် တကယ်ကြီးကို အပြုသဘောဆောင်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ ဒါပေမဲ့ ပေါင်ပေါင်း၊ မင်း တစ်ချက်ကိုလည်း သေချာ စဥ်းစားရမယ်လေ"

ရန်ကျားလိက မျက်မှောင်ကြုတ်လိုက်ပြီး

"ပြောရရင်?"

"ဝမ်ယန်က မင်းစကားကို နားထောင်ပြီး အဖွဲ့ထဲ ဝင်လာရင် ဝင်လာနိုင်လောက်ပေမဲ့ အဲ့ဒီ လီမျိုးရိုး နှစ်ယောက်ကရော၊ သူတို့က သဘောတူလောက်မှာလား။ သူတို့က ဝမ်ယန်နဲ့ အဆင်ပြေနိုင်ပါ့မလား။ အကယ်၍ သူတို့က ဝမ်ယန်ကို ဝင်ခွင့်ပြုလိုက်ရင်တောင် မင်းတို့ရဲ့ စာချုပ်ကရော ဘယ်လိုလုပ်မလဲ။ ဟုတ်ပြီ၊ စာချုပ်ကိစ္စက ကိုယ်မင်းတို့ကို ကူလုပ်ပေးလိုက်တယ် ထားပါဦး၊ မင်းတို့လေးယောက်သား ပရိသတ်ကို ဘယ်လိုရင်ဆိုင်မယ်လို့ စိတ်ကူးထားလဲ"

ရန်ကျားလိသည် ယဲ့ထင်ထံမှ အပြောခံရ၍ ခေါင်းပင် ကိုက်လာသည်။

ယဲ့ထင် ထောက်ပြသွားသည်မှာ အမှန်တကယ်ကို ပဓာနကျသည့် ပြဿနာများ ဖြစ်နေပြီး သူက ပြန်လည် ချေပချင်လျှင်ပင် အကြောင်းပြချက် ကောင်းကောင်း ရှာမတွေ့ပေ။

ရန်ကျားလိသည် မူလက စိတ်လှုပ်ရှားပြီး အူမြူးနေသော်လည်း ယဲ့ထင်ထံမှ တိုက်ရိုက်ကြီး ရေခဲရေနှင့် လောင်းချခံလိုက်ရသောအခါ ချုံးချုံးကျသွားတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now