Part Two 4

5 2 0
                                    

Unicode

သူမအသံသည် ပေါက်ကွဲလုနီးနီးဖြစ်လာသည်။ထို့နောက် သူမသည် မျက်လုံးများမှိတ်လိုက်ပြီး အကယ်၍ ရှီမမူရာသည် သူမခံစားချက်များနှင့်ပတ်သက်ပြီး သိပါသလားဟု သူမကိုယ်သူမ မေးမိလျှင် သူမတွင်‌အဖြေအဆင်သင့်ရှိပြီးသားဖြစ်သည်။

"တစ်နှစ်တစ်ခါဆိုရင် လုံလောက်ပါပြီ ကျွန်မဒီမှာရှိနေတုန်း ရှင်တစ်နှစ််မှာတစ်ခါတော့ လာမယ်မလားဟင်"

သူမ၏ ဂေးရှားစာချုပ်သည် လေးနှစ်မှန်းသူမဆက်ပြောလာခဲ့တာဖြစ်သည်။

"အိမ်မှာနေတုန်းကတော့ ကျွန်မက နောက်တစ်ကြိမ် ဂေးရှားမယ်ဖြစ်လာဖို့ဆိုတာ အိမ်မက်တောင် မမက်ခဲ့သလို နှင်းလျှောစီးတာတွေကိုပါ စွန့်လွတ်ခဲ့တာရှင့် အဲ့တာတွေအားလုံးစွန့်လွတ်ခဲ့ဖူး‌တော့ အခုစွန့်လွတ်ဖို့ရာဆိုရင် ဆေးလိပ်သောက်တာပဲကျန်‌တယ်"

"အခုမင်းပြောမှပဲ မင်းဆေးလိပ်‌တွေ သောက်ခဲ့ဖူးတယ်ဆိုတာကို ကိုယ်ပြန်မှတ်မိလာပြီ"

“ပါတီပွဲတွေမှာ ဧည့်သည်တွေက ဆေးလိပ်တွေ ပေးတဲ့အခါဆိုရင် ကျွန်မက အင်္ကျီလက်စွပ်ထဲမှာ ထည့်ထားတာကိုး ပွဲပြီးတဲ့အချိန်အိမ်ပြန်မှ ယူသွားဖို့ဆိုပြီး အကြံနဲ့ကောင်းကောင်းစုထားခဲ့တာလေ"

"ဒါနဲ့ စကားမစပ် လေးနှစ်စာချုပ်က မကြာလွန်းဘူးလား"

"မကြာပါဘူး ခဏလေးပြီးသွားမှာရှင့်"

"မနွေးဘူးလားဟင်"

ပြောဆိုနေရင်း ရှီမမူရာသည် သူ့လက်မောင်းများနှင့် သူမအားသိုင်းဖက်လိုက်တာဖြစ်သည်။

"ကျွန်မက အမြဲနွေးနေတတ်တဲ့လူရှင့်"

"ကိုယ်ထင်တာတော့ ညဘက်တွေက ပိုအေးစက်‌လာတော့မဲ့ပုံပဲနော်"

"ကျွန်မဒီနေရာရောက်လာတာ ငါးနှစ်တောင်ရှိခဲ့ပြီပဲ လာတုန်းက‌ဆိုရင် မီးရထားလမ်းတောင် မဖောက်ရသေးတဲ့ ဒီလိုနေရာမှာ ကျွန်မနေနိုင်ပါ့မလားဆိုပြီး အံ့ဩခဲ့ရတာသိလား အဲ့လိုနဲ့ နှစ်နှစ်အကြာမှာ ကျွန်မဘဝထဲကို ရှင်ကပထမဆုံးရောက်လာခဲ့တော့တာပဲ"

နှင်းတိုင်းပြည်{နှင်းတိုင်းပြည်}(Snow Country)Where stories live. Discover now