Feelings about novel

118 5 5
                                    

Unicode

မရှင်းမရှင်းတွေကို ဒီတိုင်း စိတ်ထဲရှိသလို ရေးချထားတာမို့စာရှည်သွားပါတယ် တိုတိုရေးမယ်စိတ်ကူးတိုင်း ရှည်ရှည်ရေးနေမိလို့ သည်းခံပေးပါဦးနော်😁

အရင်ဆုံးအနေနဲ့ပြောရရင် ကိုမားကို၊ရိုးကို နဲ့ ယုခိအိုတို့ သုံးယောက်ရဲ့ မရှင်းမလင်း ဆက်ဆံရေးပေါ့နော်။

ဇာတ်လမ်းဆုံးတဲ့ထိတောင် စာရေးဆရာကြီးက သူတို့ဆက်ဆံရေးကိုသေချာမရေးပြထားပါဘူး။ကိုယ်ကတော့ သူတို့သုံးယောက်လုံးက ငယ်သူငယ်ချင်းတွေလို့ပဲ နားလည်လိုက်တယ်။

ရိုးကိုက ယုခိအိုကို တစ်ဖတ်သက်ချစ်နေတယ်။ယုခိအိုကတော့ ကိုမားကိုကိုပဲ သဘောကျတာမို့ ရိုးကိုက ယုခိအိုဘေးနားကနေ ‌‌အဖြည့်ခံလိုပဲ စောင့်ရှောက်ပေးတယ်။ကိုယ်ချစ်ရတဲ့သူရဲ့ နောက်ဆုံးအချိန်မှာ သူတွေ့ချင်တဲ့ ကိုမားကို ကို ဘူတာရုံထိ ရိုးကိုက လိုက်ခေါ်ပေးခဲ့တယ်။ကိုမားကိုကလည်း သူ့ခံစားချက်နဲ့သူမို့ မသွားခဲ့ဘူး။ယုခိအို ဆုံးသွားခဲ့တယ်။ရိုးကိုနဲ့ ကိုမားကိုရဲ့သူငယ်ချင်းနှစ်ယောက် ဆက်ဆံရေးလည်း အဖုအထစ်တွေဖြစ်သွားခဲ့တယ်။

သူ့ခံစားချက်သူ သေချာမသိတဲ့ အတွေးသမား ရှီမမူရာကတော့ အစပိုင်းထဲကနေ ရိုးကိုနဲ့ကိုမားကိုနှစ်ယောက်ကြား အမြဲလွန်ဆွဲနေခဲ့တယ်။Part One တစ်ပိုင်းလုံးမှာ ရှီမမူရာက ကိုမားကို အပေါ်လုံးဝမချစ်မိသေးပါဘူး။

ကိုမားကို ကိုမြင်ချင်တယ် သဘောကျတယ်ဆိုတာက တကယ်သဘောကျတဲ့စိတ်မဟုတ်ပါဘူး ပြောရရင် ကိုမားကို ကိုမြင်တဲ့ချိန်ဖြစ်လာတဲ့ သူ့စိတ်ကိုပဲသူ သဘောကျသေးတာပါ။ရိုးကိုအပေါ်လည်းအဲ့လို သဘောပါပဲ။

ကိုမားကိုကတော့ Part One 7 မှာထဲကနေ ရှီမမူရာအပေါ် တကယ်ကြီးချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်း အိမ်ထောင်ရှိတဲ့ အမျိုးသားနဲ့ သာမန် ရေပူစမ်းဂေးရှားမယ်လေးရဲ့ အချစ်ရေးက လုံးဝလုံးဝ ဖြစ်လာလို့မရတာမို့ နာကျင်ရတယ်ဆိုပြီး ခဏခဏ depressions ဝင်နေရသူပေါ့။

Part Two တစ်ဝက်လောက်ထိလည်း ရှီမမူရာက ကိုမားကို ကိုမချစ်မိသေးပါဘူး။Introvert သမားဖြစ်တဲ့ ရှီမမူရာနဲ့ ပါတီပွဲတွေတက်ပြီး ဂေးရှားမယ်တွေနဲ့ အပေါင်းအသင်းတွေဖွဲ့ ပြီး အမူးသမားဖြစ်နေတဲ့ extrovert ကိုမားကိုတို့ကြား ဆက်ဆံရေးကလည်း အထစ်အငေါ့လိုဖြစ်လာတယ်။

နှင်းတိုင်းပြည်{နှင်းတိုင်းပြည်}(Snow Country)Where stories live. Discover now