Part Two 9

8 1 0
                                    

Unicode

တစ်ပတ်ကြာပြီးနောက် တိုတောင်းသည့်နေ့ အချိန်အခါမဟုတ်သည့် မနက်သုံးနာရီတွင် ကိုမားကိုသည် နှစ်ကြိမ်တိုင်တိုင်ဖုန်းဆက်ခေါ်လာတာဖြစ်သည်။သူမ၏ ဖုန်းခေါ်ဆိုချိန်သည် သာမန်မဟုတ်ဘဲ ထူးဆန်းလွန်းသည်ဟု ရှီမမူရာသည် တွေး‌ခဲ့မိတာဖြစ်သည်။

ဆောင်းဦးသစ်ရွက်များကြည့်ရန်အတွက် ဧည့်သည်များသည် မကြာခင် ရောက်လာကြတော့မည်ဖြစ်သည်။ဧည့်သည်များကို ကြိုဆိုရန်အတွက် တည်းခိုဆောင်တံခါးကို မေပယ်အကိုင်းအခက်များဖြင့် အလှဆင်ထားတာဖြစ်သည်။အနည်းငယ် အထက်စီးဆန်ပြီး မောက်မာသည့် အထမ်းသမားများသည် သူတို့အား'ရွှေ့ပြောင်းငှက်'ဟုခေါ်ခြင်းကို နှစ်သက်သဘောကျကြတာဖြစ်သည်။

ဆောင်းဦးသစ်ရွက်များကြည့်ရန်အတွက် ဧည့်သည်များသည် မကြာခင် ရောက်လာကြတော့မည်ဖြစ်သည်။ဧည့်သည်များကို ကြိုဆိုရန်အတွက် တည်းခိုဆောင်တံခါးကို မေပယ်အကိုင်းအခက်များဖြင့် အလှဆင်ထားတာဖြစ်သည်။အနည်းငယ် အထက်စီးဆန်ပြီး မောက်မာသည့် အထမ်းသမားများသည် သူတို့အား'ရွှေ့ပြ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ရှီမမူရာသည် သူနှစ်သက်သဘောကျရသည့် တောင်တက်စခန်းများစီ နွေဦးပေါက်မှ ဆောင်းဦးရွက်ကြွေချိန်ထိသွားလာနေခဲ့တာဖြစ်ပြီး ဆောင်းရာသီတွင်တော့ ကမ်းရိုးတန်းဘက်သို့ ပြောင်းရွှေ့သွားလာခဲ့ဖူးတာဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း တူညီသည့် တည်းခိုဆောင်သို့ရောက်လာမိခြင်းသည် သူ့အတွက်အ‌ထူးတလည် အရေးကြီးကိစ္စတော့မဟုတ်ပေ။သာယာလှပသည့် ကမ်းခြေအပန်းဖြေစခန်းများတွင် သူ၏အတွေ့အကြုံများအတွက် ဂုဏ်ယူမိ‌သော်လည်း တည်းခိုဆောင်တွင်တော့ ဧည့်သည်များကို ဆက်ဆံသည့်ပုံစံနှင့်ပတ်သက်ပြီး သူ့တွင်ဂုဏ်ယူစရာမရှိတာဖြစ်သည်။

သူသည် ဘူတာရုံရှိ ဧည့်သည်များအနား လက်ခုပ်တီးပြီးတဝဲလည်လည်လုပ်နေရှာသည့် ကလိမ်ကကျစ်ကျသော သူတောင်းစားတစ်ဦးကိုပင် သတိရလာမိသည်။

"ခင်ဗျား အဲဒီထဲက တစ်ခုခုကို မြည်းစမ်းဖူးလား”

သူတောင်းစားသည် သလဲသီးနှင့်ဆင်တူသည့် *အာခဲဘီတစ်လုံးကို ကောက်ယူပြီး ရှီမမူရာအားမေးခဲ့တာဖြစ်သည်။

နှင်းတိုင်းပြည်{နှင်းတိုင်းပြည်}(Snow Country)Where stories live. Discover now