Part23[Uni+Zawgyi]

5.2K 288 2
                                    

Unicode

ထိုက် မနက်မိုးလင်းလို့ ဟိုလူကိုလိုက်ရှာတာ ဘယ်မှာမှမတွေ့။ဟိုလူအပြင် ငပေါက်ကိုလည်းမတွေ့မိပါ။ဟိုလူကို ငါမမှတ်မိတော့လို့ ငပေါက်စီများ ရောက်သွားတာလား။ကျစ် ပြောရင်လည်း ငိုဦးမည်။ ထန်လွန်းထိုက်ဆိုတဲ့ငါကလည်း သူငိုရင် မနေနိုင်။

ထိုက် ကိုယ်ဘာသာကိုယ် ကော်ဖီသာ ဖျော်သောက်ရင်း ခြံထဲက ဒန်းပေါ်မှာ ဟိုလူကိုစောင့်နေတော့သည်။ လာပါပြီ ငပေါက်ရယ် ဟိုလူရယ် ဘေးက ထိုက်တစ်ခါမှမမြင်ဖူးတဲ့ကောင်မလေးတစ်ယောက် စကားပြောရင်း လမ်းလျှောက်လာကြသည်။

သုံးယောက်သားအိမ်ထဲရောက်သည်အထိ စကားပြောလာတာ ဒန်းပေါ်တွင် ထိုင်နေတဲ့ ထိုက်ကိုမမြင်ရလောက်အောင် သူတို့ဘာတွေပြောနေတာလဲ။ တိမ်လရောင်မော်ကွန်းဆိုတဲ့လူက အဟမ်း ထိုက်ကို သဝန်တိုအောင် လာလုပ်နေတာလား sorryဘဲ ကျုပ်ဆိုတဲ့ ထန်လွန်းထိုက်က သဝန်မတိုတတ်ဘူး။

ထိုက်တွေးကာ အိမ်ထဲသို့ ဝင်လာသည်။ လှေကားပေါ်မတက်ခင် ဧည့်ခန်းထဲတွင် ဆူညံနေသောကြောင့် ဧည့်ခန်းကို ရောက်လာတော့ တိမ်လရောင်မော်ကွန်းက မိန်းကလေးတစ်ယောက်နဲ့ စကားပြောတာ ပြုံးလို့ ရွှင်လို့ပင်။

"မောင် ငါကိုပြောစရာရှိလို့လား"

"မဟုတ်ပါဘူး ဒါနဲ့ သူကဘယ်သူလဲ"

"သူက မိတုံလေ"

"ဘယ်ကမိတုံလဲ"

"မောင့်ဒယ်ဒီအိမ်မှာနေတာလေ ကြီးမြက လွန်ခဲ့တဲ့၅လလောက်က ခေါ်လာတာ အိမ်ကိုကူလုပ်ပေးဖို့အတွက်"

"အခုသူက ဘာလာလုပ်တာလဲ"

"ငပေါက်ရည်းစားလေ ငပေါက်ခေါ်လာတာ"

"နောက်ခါ ငပေါက်ကိုပြောလိုက် သွားတွေ့ချင်ရင် သူတို့အိမ်သွားတွေ့လို့ ဒီမှာက ယောကျာ်းလေးတွေနဲ့ မသင့်တော့ဘူး ဟိတ်ကလေးမ မင်း ငပေါက်ကိုပြောပြီး လိုက်ပို့ခိုင်းလိုက်တော့"

မိတုံမှာ ခေါင်းလေးငုံ့ကာ ထွက်သွားသည်။ ဒါကို ပြုံးစိစိနဲ့ ထိုက်အား ကြည့်နေသောသူ ထိုက်ပြန်ကြည့်တော့ ခေါင်းငုံ့သွားကာ ရယ်ချင်စိတ်ကို အောင့်ထိန်းထားသလိုပုံစံမျိုးနဲ့ လုပ်ပြနေသောလူ။

Cigarette and poisonWhere stories live. Discover now