Part27[Uni+Zawgyi]

4.4K 203 7
                                    

Unicode

ဘုတ်!

"မအေလိုး!"

အချစ်က ကာတွန်းကားကြည့်ချင်လို့ ဆို၍ ထိုက်နဲ့အတူ ဧည့်ခန်းတွင် နှစ်ယောက်သားထိုင်ကြည့်သည်။ ကာတွန်းကားထဲ စိတ်ဝင်စားနေရင်း နောက်ကနေ ထိုက်ခေါင်းကို ရိုက်လာသော လက်ချက်ကြောင့် လက်ထဲက ပေါက်ပေါက်စုပ်ဘူးက ‌ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ ထန်လွန်းထိုက်ကို ရိုက်ရဲတဲ့သူကတော့ ခွန်းကမ္ဘာပင်။

"ဘာလာလုပ်တာလဲ မင်းက"

"မတွေ့တာကြာတဲ့ အိမ်မွေးခွေးကို အစာလာကျွေးတာ"

"ဘောကို အိမ်မွေးခွေးလေ"

မောင်သူငယ်ချင်းနဲ့သူ့အမျိုးသားရောက်လာတာကြောင့် ငါ မီးဖိုချောင်ထဲ ဝင်ကာ ဖျော်ရည်ဖျော်ပေးနေသည်။

"အဲ့ကလေးက"

ဆံပင်က အမဲရောင်မဟုတ်ဘဲ အဝါရောင်ဖြစ်နေသော ကလေးအား ထိုက် မေးငေါ့ကာ ကမ္ဘာအားမေးလိုက်သည်။

"ငါမွေးစားထားတဲ့ကလေးလေ နာမည်က Aiden"

"မြန်မာစကားတတ်လား"

"ကလေးအသက်က၃နှစ်ဘဲရှိသေးတယ်"

"ဒါနဲ့ သူက မင်းအမျိုးသားလား ကမ္ဘာ"

"ဟုတ်တယ် ငါ့အမျိုးသားလေ ရောင်သွေးဖြာတဲ့"

"ကျုပ်က ကမ္ဘာရဲ့သူငယ်ချင်း ထန်လွန်းထိုက်"

"ဟုတ်ကဲ့"

ကမ္ဘာအမျိုးသားက ခေါင်းလေးငြိမ့်ကာ ပြုံးပြသည်။ ခွန်းကမ္ဘာ ဘယ်က ကလေးကို မုန့်ပေးကြိုက်လားတောင်မသိပေ။ ကမ္ဘာနဲ့တောင် လုံးဝမလိုက်ပေ။ဒါကိုတော့ ထိုက်မပြောဖြစ်။ ဘာလို့ဆို ကမ္ဘာဆိုတဲ့အကောင်က ထိုက်အား မိုးမွှန်အောင်ဆဲလိမ့်မည်။

အချစ်က ဖျော်ရည်သုံးခွက်ယူလာကာ ကမ္ဘာတို့ မိသားစုအားပေးပြီး Aidenဆိုတဲ့ ကလေးအား အချစ်ပေါင်ပေါ်တွင် ပွေ့ချီထားသည်။ထိုကလေးကလည်း အချစ်ပေါင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေကာ ဖျော်ရည်ကိုသောက်နေလေသည်။

ပြီးတော့ ကမ္ဘာနဲ့ ထိုက်က မတွေ့တာကြာပြီမို့ စကားပြောနေတော့ အချစ်က ကလေးကိုခေါ်ကာ ဆော့နေလေသည်။ အချစ်က ကလေးချစ်တတ်တာဘဲလား။အချစ်က ကလေးချစ်တတ်တာကို မောင့်အလိုကျ နေပေးတာလား အချစ်ကတော့ဗျာ။

Cigarette and poisonWhere stories live. Discover now