146

7.9K 1.2K 34
                                    

{Unicode}

"ပြစ်တင်ဝေဖန်"

လီတာ့၏ သဘောထားက အတော်လေး ခိုင်မာနေသည်။

ရန်ကျားလိသည် သူ၏ သံန္နိဌာန် ချထားသော မျက်လုံးကို ကြည့်နေရင်း ရုတ်တရက် ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရသည်။

လီတာ့ကိုယ်တိုင် ပြောဆိုသွားသည့်အတိုင်း သူ့ထံတွင် မည်သို့သော စိတ်နေသဘောထားတို့ ရှိတတ်ကြောင်း ရန်ကျားလိလည်း အတော်လေးကို ရှင်းရှင်းလင်းလင်း သိပါသည်။

လီတာ့သည် အချစ်နှင့် အမုန်းကို ခွဲခြားသိသည့် သံလိုက်အိမ်မြှောင်၏ ဝင်ရိုးစွန်းနှင့်တူသည်။ သဘောကျပြီး လေးစားသည့် လူကိုဆိုလျှင် သူသည် မကျေနပ်ချက်များ မရှိဘဲ ကျိန်းသေပေါက် ဘဝကို ပုံအပ်ပြီး အတူအဖော်ပြု လိုက်ပါပေးမည့်သူ ဖြစ်သည်။ သိုသော် သူအမြင်ကပ်စရာ ကောင်းသည်ဟု ထင်နေသည့် လူများကိုတော့ သူ့ဆက်ဆံပုံက လုံးဝကို ကောင်းမွန်မနေဘဲ စကားတစ်ခွန်း ပြောဖို့ရန်လည်း မနှစ်မြို့။ အပေါ်ယံ ဟန်ဆောင်တာမျိုး လုပ်ပြဖို့ရန်ပင် ခေါင်းမာလွန်းပြီး အကြည့်တစ်ချက်နဲ့တင် မနှစ်မြို့သော ခံစားချက်များ စွန့်ကြဲပေးလိမ့်မည်။

ရန်ကျားလိသည် နဖူးကို လက်ဖြင့် ထောက်လိုက်ပြီး သက်ပြင်းချသံနှင့် ပြောသည်။

"ငါလည်း မင်းကို သူ့ကို ခွင့်လွှတ်ခိုင်းနေတာ မဟုတ်ပါဘူး။ သူ့ကို အခွင့်အရေးပဲ ပေးချင်တာပါ"

လီတာ့သည် တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး မျက်နှာသည်လည်း လေးလေးနက်နက် ဖြစ်လာကာ

"ရန်ကော၊ အရင်က သူ့ရဲ့ ကောက်ကျစ် စဥ်းလဲတဲ့ မျက်နှာကိုများ မေ့သွားပြီလား။ သူလုပ်လို့ ကော ဘယ်အခြေအနေထိ ရောက်သွားလဲဆိုတာရော မေ့နေပြီလား။ တကယ်လို့ မမှတ်မိတော့ဘူးဆိုရင် ကျွန်တော် ဗီဒီယို ပြမယ်။ ကော သေချာလေး ကြည့်ကြည့်၊ ပိုရှင်းလင်းသွားအောင် ကြည့်"

ရန်ကျားလိက ပြောသည်။

"ငါနဲ့သူ့ကြားက အကြွေးတွေက ဖြေရှင်းပြီးသွားပါပြီ"

လီတာ့၏ သဘောထားက ခိုင်မာနေဆဲဖြစ်ပြီး

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲ့ဒီလူကို လက်မခံချင်ဘူး။ ကျွန်တော် သူ့ကို အရမ်း ညစ်ပတ်တယ်လို့ပဲ ထင်တယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now