၃ ။

2.6K 384 4
                                    

[Unicode]

(၄) ခင်ဗျား ကျွန်တော့်ကိုယ်ထဲ သောက်ကျိုးနည်း ဘာအဆိပ်တွေ ထည့်ခဲ့တာလဲ။

ထုယန်​ချော​ချော​မွေ့​မွေ့  တစ်ကျော့ပြန်လာမှုအတွက် ဂုဏ်ပြုပွဲ​အ​နေနှင့် လူကုံထံသခင်​လေးအုပ်စုသည် ခမ်းကြီးနားကြီး စပရိုက်ကျင်းပရန် ကွမ်းနန်နေရာ၏​အောက်ရှိဘားသို့ သွားကာ ထုယန်အား ကံဆိုးမှု နှင်ထုတ်ရန် ကူညီပေးပြီး ကြိုဆိုပွဲညစာ​လုပ်ပေးချင်ကြောင်း​ ပြော​ကြလေသည်။

တူတူ​သောက်ကြရန် အ​ကြောင်းပြချက်ရှာသည်ထက်မပို​ခဲ့ပေ။ ထုယန် အစက မသွားချင်​သော်ငြား ရှန်​ဖေးက စိတ်ပြေလက်ပျောက်ဖြစ်ရန်အလို့ငှာ လာခဲ့ရန်အဆက်မပြတ် တိုက်တွန်း​နေခဲ့၏။ ထုယန် ရှင်းပြချက်ရှာမရဘဲ အိမ်တွင် ​ဖြေရှင်းရန်ကိစ္စအချို့ရှိ၍ ​နောက်ကျမည်ဖြစ်​ကြောင်းနှင့် ပွဲအရင်စထားသင့်​ကြောင်းသာ ​ပြောရုံရှိ​တော့သည်။

ထုယန် ဒရမ်မာ အသစ်အတွက် ဒါရိုက်တာတစ်​ယောက်နှင့် စကား​ပြောဆို​နေသည်။ သူအရင်ကအမျိုးအစားဆင်တူ​သော ဇာတ်​ကောင်​နေရာတွင် သရုပ်​ဆောင်ဖူး၍ အမှန်တကယ်က လက်မခံချင်​သည့်တိုင် ရုပ်ရှင်အဖွဲ့သည် ​ကြေးကြီးကြီး​ပေး၍ အနည်းငယ် ချိတုံချတုံဖြစ်မိသည်။  ​ဆွေး​နွေးမှု အကြိမ်​ရေတစ်ချို့ လုပ်ပြီး​နောက် သူမဆုံးဖြတ်နိုင်​သေး​ပေ။ ဒါရိုက်တာက အဆင်​ပြေ​ကြောင်းနှင့် ထုယန် ​နောက်တစ်ကြိမ်ထပ်စဥ်းစားရန် ​စောင့်ပေးနိုင်​ကြောင်း​ပြော​လေသည်။ တကယ်​တော့ ထုယန်နှင့်ပတ်သက်သည့်သတင်းများက ဒရမ်မာများဆီ သယ်ဆောင်လာသည့် နာမည်ကြီးမှု အရှိန်ကိုရပ်တန့်မည်မဟုတ်၍ ရုပ်ရှင်ရိုက်ကူး​ရေးအဖွဲ့မှ အလွယ်တကူလက်​လျော့လိုက်မည်မဟုတ်​ပေ။

ထုယန် ကုမ္မဏီကိုရောက်ခါစရှိသေး တိုက်ရိုက်ထုတ်လွှင့်မှု ပရိုဂရမ်တစ်ခုအားတက်​ရောက်ရန်န​ရွေးခံရ​လေသည်။ သူကားထဲတွင်ထိုင်ကာ ရိုက်ကွင်းတွင်စမည့် ပရိုဂရမ်အချိန်ဇယားကို​လေ့လာလိုက်သည်။ ကံ​ကောင်း၍ သူ အရင်က ပရိုဂရမ်များ ရိုက်ဖူးခဲ့ပြီး နှစ်ဝက်ကြာပြီး​နောက် အလုပ်တွင် အရည်အချင်းရှိ​သေးကာ အခြေအနေထဲ အလျင်အမြန် စိတ်နှစ်လိုက်နိုင်သည်။

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now