148

7.4K 1.2K 44
                                    

{Unicode}

"တိတ်တိတ်ကလေး နှိပ်ကွက်ခြင်း"

ယဲ့ထင်၏ အမေသည် တစ်ခဏလောက် မှင်တက်မိသွားသည်။

ယဲ့ထင်က ရုတ်တရက်ကြီး ထိုမျှ လေးလေးနက်နက်နှင့် စကားဆိုလာမည်ဟု မတွေးမိထားပုံပင်။

သူမသည် ယဲ့ထင်၏ အနည်းငယ်ပင် တရင်းတနှီး မရှိသည့် အကြည့်ကို ကြည့်နေရင်း အတန်ကြာမှ သက်ပြင်းချလိုက်ကာ

"မင်း ဒီစကားပြောသွားတာ နည်းနည်းလေးတော့ ခေါင်းမာနေတာပဲ။ ယဲ့ထင်၊ မင်း လက်ထပ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စဥ်းစားတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်နေပြီလို့ တကယ်ထင်နေတာလား"

ယဲ့ထင်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး

"အဲ့ဒါဆို မားက ဘာဖြစ်ချင်လို့လဲ"

ယဲ့ထင်မေမေ၏ အကြည့်များက အနည်းငယ် စုစည်းသွားပြီး

"မင်းက ငါ့ရဲ့သားပါ။ မင်းရဲ့ ကန့်သတ်ချက်တွေက လုံလုံလောက်လောက် သာလွန်နေရင်တောင် ငါကတော့ လက်တွဲဖော် ရွေးရာမှာ ပိုဂရုတစိုက်နဲ့ ရွေးချယ်သင့်တယ်လို့ ထင်တယ်။ ခံစားချက်တွေကတော့ ဖြည်းဖြည်းချင်း လုပ်ယူလို့ ရပါတယ်"

"ခင်ဗျားက ကျွန်တော့်ကို တခြားသူနဲ့ ခံစားချက်တွေကို လုပ်ယူစေချင်တယ်?"

ဖန်လင့်ယီက ခေါင်းညိတ်လိုက်ကာ

"မင်းဘေးနားမှာ ထူးချွန် ထက်မြက်တဲ့သူတွေ ရွေးစရာ အဲ့လောက်များတာ၊ ဘာလို့ မစမ်းကြည့်ရမှာလဲ"

ယဲ့ထင်၏ အကြည့်က အေးစက်သွားပြီး

"ဥပမာ ပြောရရင်?"

ဖန်လင့်ယီသည် အစွမ်းကုန် ပြုံးလိုက်ကာ

"ဥပမာ ပြောရရင် ရှအိမ်က ကလေးလေ။ ရှယန့်၊ ကြည့်ရတာတော့ တော်တော်လေး အဆင်ပြေတယ်"

ယဲ့ထင်သည် မျက်ခုံးပင့်သွားပြီး မထိန်းထားနိုင်စွာဖြင့် လှောင်ပြောင် ရယ်မောသံ ထွက်လာသည်။

သူသည် သူ့အမေက သူ့ထံသို့ မည်သူမည်ဝါကိုများ ပေးအပ်ချင်နေတာလဲ ဟူ၍ပင် ထင်မှတ်မိသွားသေးသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now