Ep-1(Uni/Zg)

37.4K 1.3K 125
                                    

လူတွေနဲ့၀ေးရာကိုထွက်ပြေးကြမလား လောကကြီးမှာရှင်သန်ရတုန်းလေး ခင်ဗျားနဲ့အမှတ်တရတွေအများကြီးဖန်တီးသွားချင်တယ် ကျုပ်မရှိပဲရှင်သန်ကြည့်စမ်းပါအုံးခင်ဗျားရယ် ဒီလူသေသွားမှနောင်တတွေနဲ့ငိုကြွေးမဲ့အစား တခါလောက်လေးချစ်တယ်ပြောကြည့်ပေးပါလား ~~~
                                         (မာဂိုထိုက်စံ )
                    
*********

                                 Ep-1

" ကျစ်!! ဆူဆူညံညံတွေနဲ့ ဘာဖြစ်နေတာလဲ "

" ဆိုင်ထဲမှာ အမူးသမားတချို့ ရမ်းကားနေလို့ပါ Boss "

လက်ထဲမှcigaretteကိုအောက်ကိုပစ်ချကာ ဖိနပ်နဲ့နင်းခြေလိုက်ပီး ပတ်၀န်းကျင်ကိုအကဲခတ်လိုက်သည် ထိုလူရဲ့အကြည့်တွေကစူးရှနေပီး တစုံတခုကိုအလိုမကျဖြစ်နေတဲ့ပုံပင်....ပါးလွှာတဲ့နှုတ်ခမ်းတစုံက အံကိုကြိတ်ကာ ဘေးနားကအရက်ပုလင်းကိုဆွဲယူလိုက်သည်

" ခွပ်!! "

ဆိုင်အတွင်း သောင်းကျန်းနေတဲ့ လူတယောက်ရဲ့ခေါင်းကိုအရက်ပုလင်းနဲ့ ရိုက်ခွဲလိုက်ပီး ခါးထောက်ကာ စိုက်ကြည့်လိုက်သည် လောင်းကစားရုံဖွင့်ထားတာကြောင့် ဒီလိုအခြေအနေတွေက ထိုလူအတွက် မထူးဆန်းတော့ပေ ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေကြောင့် ပတ်၀န်းကျင်တခုလုံးတိတ်ဆိတ်သွားကာ အားလုံးရဲ့အကြည့်တွေက ထိုလူထံသို့ ရောက်လာသည်

" မင်း!!!! "

တဖက်လူက ထိုးဖို့လက်ရွယ်လိုက်တာကြောင့် ထိုလူရဲ့လက်ကိုလှမ်းဆွဲကာ ရင်၀ကိုဆောင့်ကန်လိုက်သည် 6ပေနီးပါးအရပ်ကြီးကြောင့် သာမန်လူထက်ခေါင်းတလုံးပိုမြင့်နေတာဖြစ်သည် ဘေးနားမှာလဲ သူ့ကိုအကုန်လုံးက ထူးဆန်းစွာ၀ိုင်းကြည့်နေတာကြောင့် မျက်မှောင်ကိုကျုံ့ကာ ခါးထောက်လိုက်သည်

" ဘာကြည့်နေကြတာလဲ သတ္တိရှိတဲ့ကောင်ထွက်လာခဲ့!! အကုန်လုံးကို ကိစ္စဖြတ်ပေးလိုက်မယ် "

ဒေါသဆူပွက်နေတဲ့လူကြောင့် ၀ိုင်းအုံကြည့်နေတဲ့လူအုပ်ကြီးက အုပ်စုခွဲကာ မသိသလိုပြန်နေလိုက်ကြသည် ထိုကောင်လေးက ရဲတင်းကာလက်ရဲဇက်ရဲရှိတာကြောင့် ရှောင်ဖယ်နေကြခြင်းပင် ထိုကောင်လေးရဲ့ပိုင်ဆိုင်မှုတွေကလဲများပြားသလို ရန်သူတွေကလဲပတ်လည်၀ိုင်းနေသည် အပြာရောင်ဆံသားတွေကို သပ်ရပ်စွာလှန်တင်ထားပီး
ခပ်ပါးပါးနှုတ်ခမ်းလွှာက cigaretteကိုငုံခဲကာ အငွေ့တွေကိုမှုတ်ထုတ်လိုက်သည်

Try To Escape Within 30Days( Completed) Where stories live. Discover now