Ep-23(Uni/Zg)

4.5K 336 50
                                    

" မမ "

သတိပြန်လည်လာလို့ ၀ေ၀ါးနေတဲ့အမြင်အာရုံတွေကိုကြိုးစားကာဖွင့်ကြည့်လိုက်ပေမဲ့လဲ အမျှော်လင့်ဆုံးလူကတော့ရှိမနေ။
လက်တဖက်ကိုထောက်ကာ အိပ်ယာပေါ်ထိုင်ဖို့ကြိုးစားတော့ မမကသူ့ခန္ဓာကိုယ်ကိုတွဲကူကာ ကျောအနောက်မှာခေါင်းအုံးတလုံးကိုမှီထားစေသည်

" ဘယ်လိုနေသေးလဲ အရမ်းနာနေသေးလား "

" ဘုန်းမြတ်သစ္စာဘယ်မှာလဲ မမ "

" ဘုန်းမြတ်က အသဲလေးအတွက်လိုအပ်တာတွေကိုအိမ်မှာသွားပြန်ယူနေတယ် အခုခဏနားလိုက်အုံးနော် မမဘာလုပ်ပေးရအုံးမလဲ "

" ကျတော်သက်သာပါတယ် အခုလောလောဆယ်ဘယ်သူနဲ့မှစကားမပြောချင်လို့ မမတို့အပြင်မှာသွားနေပေးပါလား ဒါမှမဟုတ်အိမ်မှာပြန်နားနေရင်လဲရတယ် မမလဲပင်ပန်းနေပြီမှတ်လား "

အရင်လိုအသံကအားမပါတော့လို့ထင်ပါတယ် ကျတော့်စကားအဆုံးမှာပဲ မမကငိုယိုပြီးကျတော့်လက်မောင်းကိုခပ်ဖွဖွရိုက်လာတယ်

" ငါဘယ်လောက်ထိစိတ်ပူသွားရလဲဆိိုတာနင်သိရဲ့လား အဲ့တာကြောင့်အမြဲဒေါသစိတ်ကိုလျှော့ပါလို့ပြောနေရတာပေါ့ အီးဟီး....."

မမရဲ့အော်ဟစ်ငိုသံကြောင့် ဆေးရုံခန်းတခုလုံးဆူညံသွားတော့တယ် မသိရင်ဒီကောင်ကပဲ သေသွားသလိုလိုဘာလိုလို....

" မမရယ်နင်တော်ပါတော့ ကျတော်လဲအခုပြန်ကောင်းနေပါပြီ ပြီးတော့နင်သိတယ်မှတ်လား မာဂိုထိုက်စံကအသက်ပြင်းတယ်လေ "

စနောက်သလိုခပ်ရေးရေးပြုံးပြလိုက်တော့ သူ့မျက်ရည်တွေကိုသုတ်ပြီးကျတော့်ရဲ့လက်နှဖက်ကိုဆုပ်ကိုင်လာတယ် သွေးသားအရင်းတွေမဟုတ်ပေမဲ့ မမကကျတော့်အတွက်အမေလိုတမျိုးအမရင်းလိုတမျိုး နွေးထွေးတတ်တဲ့သူမျိုးပါ

" မမငါဆေးရုံဆင်းချင်တယ် "

" မနက်ဖန်မှဆင်းလို့ရမှာအသဲလေးရဲ့ ဆရာ၀န်ကြီးကဒီညတော့နင့်ကို စောင့်ကြည့်ချင်သေးတယ်ပြောတယ် "

" ဒါဆိုဒီညကျတော့်ကို ဘယ်သူဆေးရုံစောင့်ပေးမှာလဲ "

" ငါစောင့်ပေးမှာပေါ့ဟဲ့ "

Try To Escape Within 30Days( Completed) Where stories live. Discover now