Ep-4(Uni/Zg)

7.8K 620 14
                                    

အိမ်ပြန်ရောက်တာနဲ့ ဘုန်းမြတ်တယောက်ဧည့်ခန်းထဲမှဆိုဖာပေါ်တွင်ပဲပစ်လှဲကာ နောက်တဖန်ငိုကြွေးလိုက်သည် အရက်မူးနေတဲ့အရှိန်ကမပြယ်သေးတဲ့အပြင် ရင်ဘတ်ထဲကခံစားချက်ကပိုတောက်လောင်လာတာကြောင့် အံကိိုကြိတ်ကာငိုကြွေးရင်း ပတ်၀န်းကျင်ကိုမေ့ပျောက်ထားလိုက်သည်

လက်ပိုက်ကာစောင့်ကြည့်နေတဲ့မာဂိုရဲ့စိတ်တွေကလဲပုံမှန်အနေအထားမှာမဟုတ်...အခြားလူတယောက်ကြောင့်ဘုန်းမြတ်ငိုကြွေးတာမြင်ရတော့ သူ့ရဲ့ဒေါသတွေကိုပို၍ဆူပွက်စေသည်

" ကျက်သရေမရှိလာငိုမနေနဲ့ နားညီးတယ် "

သူ့အနားလာထိုင်ရင်းမျက်ရည်သုတ်ဖို့ လက်ကိုင်ပု၀ါတထည်လှမ်းပစ်ပေးတဲ့မာဂိုကြောင့် ဘုန်းမြတ်စိတ်ပြန်ထိန်းရင်းဆိုဖာပေါ်ဒူးနှဖက်ထောင်ကာ မျက်ရည်တွေကိုသုတ်ပစ်လိုက်သည်

" ငါရှုံးရင်လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပေးရမယ်မှတ်လား ပြီးတာနဲ့ချက်ချင်းပြန်ကွာရှင်းပေးမယ်လို့မင်းပြောခဲ့တယ်နော် "

" အဲ့တာဘာဖြစ်လဲ "

" လက်ထပ်စာချုပ်သွားယူလာခဲ့ငါအခုချက်ချင်းလက်မှတ်ထိုးပေးမယ် "

" အရှုံးပေးတာလား "

" ဟုတ်တယ်အရှုံးပေးတယ်လို့ပဲသတ်မှတ်လိုက် မနက်ဖန်မနက်မိုးလင်းတာနဲ့ငါဒီကနေအပြီးထွက်သွားပေးမယ် ဒီကစားပွဲမှာမင်းနိုင်ပါတယ် မာဂို "

အရာအားလုံးကိုအရှုံးပေးသလိုပြုမူနေတဲ့ဘုန်းမြတ်ရဲ့ပုံစံက မာဂိုရဲ့စိတ်တွေကိုပို၍ပွက်လောင်လာအောင်လုပ်နေသလိုဖြစ်နေသည် ခေါင်းငုံ့ကာငြိမ်ကျနေတဲ့ဘုန်းမြတ်ရဲ့ပခုံးကို မာဂိုဆွဲလှည့်ကာဘုန်းမြတ်ရဲ့မျက်၀န်းတွေကိုသေချာစိုက်ကြည့်လိုက်သည်

" ပြိုင်ပွဲရဲ့စည်းမျဥ်းတွေကိုမေ့သွားပြီလား ရက်30အတွင်းခင်ဗျားကျုပ်ဆီကနေကြိုက်သလိုထွက်ပြေးနိုင်တယ် ကျုပ်ကလဲလိုက်ဖမ်းနေအုံးမှာပဲ အဲ့ရက်30အတွင်းခင်ဗျားထွက်မပြေးနိုင်မှ အရှုံးလို့သတ်မှတ်ပေးမှာ .... မကြိုးစားရသေးပဲနဲ့ အခုလိုအရှုံးလာမပေးနဲ့ ရက်30မပြည့်မချင်း ခင်ဗျားကောကျုပ်ကောအနိုင်အရှုံးသတ်မှတ်လို့မရဘူး ဘုန်းမြတ်သစ္စာ "

Try To Escape Within 30Days( Completed) Where stories live. Discover now