Ep-15(Uni/Zg)

6K 454 62
                                    

" ဘုန်းမြတ်ကိုဖုန်းလေးဘာလေးဆက်ကြည့်ပါလား မာဂိုရယ်
အချိန်ကနောက်ကျနေပြီမှတ်လား '

" မဆက်ဘူးမမ အဲ့လောက်တောင်အပြင်မှာပျော်ချင်နေတာလွှတ်ထားလိုက် "

" အသဲလေးရယ် နင်လဲစိတ်ပူနေတာမမသိပါတယ် မနေနိုင်ရင်ဖုန်းလေးတော့ဆက်ကြည့်မှပေါ့ မပြောကောင်းမဆိုကောင်းတခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ "

မမရဲ့စကားကြောင့် မာဂိုတွေ၀ေလာကာအံကြိတ်ပြီးသူ့အခန်းထဲပြေး၀င်သွားသည် အိပ်ယာပေါ်မှဖုန်းကိုကောက်ယူလိုက်ပေမဲ့ ရှင်းခရဲ့မျက်နှာကိုပြန်မြင်ယောင်လိုက်တိုင်း သူတုံ့ဆိုင်းမိသည်

" စောက်ရေးမပါတာကွာ! "

လက်ထဲမှဖုန်းကိုကုတင်ပေါ်ပစ်တင်ကာဒေါသပုံချလိုက်ပြီး ကြမ်းပြင်ပေါ်ဒူးနှဖက်ထောင်ကာ ထိုင်ချလိုက်သည် တနေကုန်ဖုန်းတချက်မဆက်ပဲပျောက်ကွယ်သွားလို့ဒေါသထွက်မိပေမဲ့လဲ ထိုအမျိုးသားရဲ့အသံလေးတော့ကြားချင်မိသေးသည်

" -*းလိုပဲ ဘုန်းမြတ်သစ္စာ! ပြန်လာရင်ခင်ဗျားကိုလုံး၀စောက်ဂရုမစိုက်ပဲနေပြမယ် "

မျက်နှာကိုဆူကာတင်းထားပြီး တယောက်ထဲဒေါသစိတ်တွေကိုဖြေလျော့ရသည် အချိန်အားဖြင့်ဆယ်နာရီထိုးတော့မှာဖြစ်တာကြောင့် ခြေထောက်ကိုဆောင့်ကာ ထမင်းစားခန်းထဲဦးတည်သွားပြန်သည်
လူအရိပ်အခြေအကဲခတ်ကာ ရေခဲသေတ္တာထဲမှကိတ်နဲ့ပေါင်မုန့်တွေကိုမာဂိုဆွဲယူပြီး ကော်ဖီတခွက်ဖျော်ကာတစုံတယောက်ကိုတွေးတောလိုက်သည်

" စောက်ဂရုစိုက်လွန်းလို့တော့မဟုတ်ဘူး ခင်ဗျားကိုကော်ဖီတိုက်ပြီးအိပ်မပျော်အောင်ကလဲ့စားချေမလိို့ "

" စောက်ဂရုစိုက်လွန်းလို့တော့မဟုတ်ဘူး ခင်ဗျားကိုကော်ဖီတိုက်ပြီးအိပ်မပျော်အောင်ကလဲ့စားချေမလိို့ "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Try To Escape Within 30Days( Completed) Where stories live. Discover now