149

8K 1.2K 94
                                    

{Unicode}

"အဆီအငေါ်မတည့်"

ယဲ့ထင်၏ မျက်နှာသည်ကား နစ်မြှုပ်သွားသည်။

ဖန်လင့်ယီသည် မိမိကိုယ်တိုင်နှင့် ရှောင်ရှကို မိသားစုဝင်ဟု သတ်မှတ်၍ရသော ပဓာနကျသည့် ထိုင်ခုံတွင် အတူတူ ထိုင်ခိုင်းစေသည်။

ဤစားပွဲပေါ်တွင် တစ်ဝက်ကျော်လောက်မှာ ရန်ကျားလိ ချက်ပြုတ်ထားခြင်းဖြစ်ပြီး ရန်ကျားလိ ကိုယ်တိုင်တောင် တစ်လုတ်ပင် မစားရသေးခင်မှာပဲ ဖန်လင့်ယီက သူ့အား ဝေးလံခေါင်ဖျားသော ဧည့်သည့်ထိုင်ခုံတွင် သွားထိုင်ခိုင်းလိုက်ပြီး သူ့အား အပြင်လူဟု လုံးလုံး သတ်မှတ်ပစ်လိုက်သည်။

ယဲ့ထင်၏ မျက်လုံးအောက်ခြေမှ အကြည့်သည်ကား ပို၍ပို၍ အေးစက်လာသည်။

သူသည် မူလက ရှေ့တစ်ခေါက်တွင် သူ့အမေအား သေချာလေးနက်စွာ ပြောဆိုပြီးဖြစ်၍ သူ့အမေက နားလည်လောက်ပြီဟု ထင်မှတ်မိသေးသည်။

သိုသော် ယခုကြည့်ရသည်မှာတော့ သူမသည် ပိုင်စိုးပိုင်နင်း ဆန်လာကာ ပေါ်ပေါ်ထင်ထင်လိုလို ခိုးကြောင်ခိုးဝှက်လိုလို မိမိနှင့် ရှောင်ရှအား အောင်သွယ်ပေးနေပြီး ရန်ကျားလိကိုပင် မသိမသာ ပုတ်ထုတ်လိုက်သေးသည်။ ယဲ့ထင်၏ မျက်လုံးက တင်းကျပ်စွာ ကျဥ်းမြောင်းသွားပြီး စိတ်ထဲတွင် ကန့်သတ် အတိုင်းအတာ တစ်ခုထိ ဒေါသထွက်လာသည်။

ဘယ်သူပဲ ဒုက္ခ ခံစားရပါစေ။ ရန်ကျားလိကိုတော့ ဒုက္ခများ မစံစားခိုင်းနိုင်ပေ။

ဖန်လင့်ယီက ဤသို့လုပ်လိုက်ခြင်းမှာ သူ၏ နောက်ဆုံးသော စည်းမျဥ်းပေါ် တက်နင်းလိုက်ခြင်းပင်။

ယဲ့ထင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ ပါးစပ်ဟရန် ပြင်နေတုန်းမှာပဲ တစ်လျှောက်လုံး ပင်မထိုင်ခုံထက် ထိုင်နေပြီး တိတ်တဆိတ်နှင့် ကြည့်နေသည့် အဘိုးယဲ့က ရုတ်တရက် စကားဆိုလာသည်။

"မင်းက ရှောင်ရန်ကို အဲ့လောက် ဝေးတဲ့နေရာမှာ ထိုင်ခိုင်းတာ ဘာအဓိပ္ပါယ်နဲ့ တူနေပြီလဲ။ ဒီစားပွဲပေါ်က ဟင်းပွဲ တစ်ဝက်ကျော်က ရှောင်ရန်ရဲ့ လက်ရာတွေချည်းပဲ။ မင်းက သူ့ကို ဒီလို စီစဥ်ပေးလိုက်တယ်ဆိုတော့ ရှက်ဖို့တောင်ကောင်းတယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now