150

9.1K 1.2K 122
                                    

{Unicode}

"ကိုယ်ရှိတယ်လေ"

ယဲ့ထင်မှာ မဆိုစလောက် လန့်သွားရ၏။

သူသည် ခေါင်းငုံ့လိုက်ကာ သူ့ ရင်အုပ်ကြွက်သားကို ညှစ်ထားသည့် သိုးငယ်လေး၏ ခွာကို ကြည့်လိုက်သည်။

သူ ခေါင်းပြန်လှည့်လိုက်သောအခါ ရန်ကျားလိ၏ မရိုးမဖြောင့်သည့် အပြုံးရိပ်နှင့် လခြမ်းကဲ့သို့ ကွေးညွတ် တောက်ပနေသော မျက်လုံးနှင့် ကြုံကြိုက်မိသွားသည်။ ယဲ့ထင်က ပြုံးသွားပြီး လေသံက နိမ့်မြှုပ်သွားကာ

"ဘာလုပ်ချင်တာလဲ"

ရန်ကျားလိသည် သွားပေါ်အောင် ပြုံးလိုက်ပြီး လက်ဖဝါးတွင် အားထည့်လျက် နှစ်ကြိမ်မျှ ညှစ်လိုက်ကာ ဟန်ဆောင်ပန်ဆောင်နှင့် သက်ပြင်းချလိုက်ပြီး

"ကောင်းလိုက်တာ၊ ဘယ်လောက်ပဲ အေးစက်စက်နဲ့ နှလုံးသား မရှိတဲ့ ယောက်ျားဖြစ်နေပေမယ့် ရင်အုပ် ကြွက်သားတွေကတော့ နွေးနွေးလေးပဲရော်"

ယဲ့ထင်သည် အလိုလို ရယ်လိုက်မိပြီး တစ်ဝက်တစ်ပျက် တွဲကျနေသည့် ရှပ်အင်္ကျီကို ချွတ်လိုက်ကာ တစ်ဖက်သို့ လွှင့်ပစ်လိုက်သည်။

သူ ကိုယ်ကို လှည့်လာသောအခါ စောင်ပတ်ထားသော ရန်ကျားလိကို တွေ့လိုက်ရသည်။ စောင်အောက်တွင် မိမွေးဖမွေးတိုင်း ဖြစ်နေပြီး ကြိုတင်ကြံစည်ထားသည်မှာ အထင်တရှား ရှိလှသည်။

ယဲ့ထင်၏ မျက်လုံးက မှောင်မိုက်သွားပြီး အတန်ကြာမှ ခြောက်ကပ်စွာနှင့် စကားပြောထွက်လာသည်။

"ဒီနေ့ ဘာတွေ အစားမှားသွားတာလဲ။ ဒီလောက် တက်ကြွနေတာ"

ရန်ကျားလိသည် မျက်ခုံးပင့်သွားပြီး သူ့ထံသို့ လက်ညှိုး ကွေးညွတ်ပြသည်။

ယဲ့ထင်တစ်ယောက် ခေါင်းကိုအနား တိုးကပ်သွားသည်။

ရန်ကျားလိသည် ယဲ့ထင်နားရွက်နား ကပ်သွားပြီး ယားကျိကျိ လေပူများ မှုတ်ထုတ်လိုက်ကာ

"မင်းမေလုပ်တာ"

ထိုစကား ပါးစပ်မှ ထွက်လာရုံရှိသေး၊ ရန်ကျားလိသည် မိမိဘာသာ မှားယွင်းနေသည်ဟု ခံစားမိလိုက်ပြီး ကမန်းကတန်း ချောင်းတစ်ချက်ဟန့်ကာ သုံးစွဲပုံကို ပြောင်းလဲလိုက်ပြန်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now