#Unicode#
၁၉၉၀.....ဆီသို့
••••••••••••••••••
အခန်း(၃၀)မနက်ခင်း မိုးစင်စင်ပင် လင်းချေပြီ။ စောမင်းထွဋ်လည်း မယ်ဇလီဖူး ခူးစရာမလိုတော့ဘူး ဆိုတာကို မေ့ပြီး အစောကြီး အိပ်ယာက နိုးနေတော့၏။ သို့မဟုတ်ရင်လည်း ဖြိုးသီဟနဲ့ တိုင်ပင်ထားတဲ့ အကြံအစည်အတွက် စိတ်လှုပ်ရှားပြီး ထတာလည်း ဖြစ်နိုင်တာဘဲလေ။ စောမင်းထွဋ် ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ဦးလေးဖြစ်သူ ဦးတင်ထွဋ်ကို ခုတင်ထက်တွင် မတွေ့တော့ပေ။ အစောကြီး နိုးပြီး အခန်းထဲက ထွက်သွားပြီနဲ့ တူပါရဲ့။
နောက်ပြီး စောမင်းထွဋ်၏ အကြည့်တွေက အဖေဖြစ်သူ ဦးသန်းထွဋ် ဆီသို့ ကျရောက်သွားလေသည်။ အဖေဖြစ်သူ ဦးသန်းထွဋ်မှာ အိပ်မောကျလျက် ရှိနေတော့သည်။ ကားပြေးတာ မထွက်သေးတော့ အိပ်ရေး၀အောင် အိပ်နေသည်နဲ့ တူပါရဲ့။
ဒါနဲ့ စောမင်းထွဋ်လည်း အဖေဖြစ်သူကို မနိုးတော့ဘဲ ဒီအတိုင်း ခုတင်ပေါ်က အသာလေးဆင်းကာ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။ အခန်းပြင်ရောက်တော့ အချိန်နာရီကို တစ်ချက် လှမ်းကြည့်မိလိုက်သည်။ လေးနာရီပင် ရှိသေးသည်။ ခါတိုင်း စောမင်းထွဋ် ထနေကျ အချိန်ပေတည်း။ သို့နှင့် စောမင်းထွဋ်လည်း မျက်နှာသစ်ဖို့ရန်အတွက် နောက်ဖေးသို့ သွားလိုက်သည်။
နောက်ဖေး ရေတွင်းနားသို့အသွား မီးဖိုချောင်ကို အဖြတ်မှာ ထမင်းအိုးတည်နေတဲ့ အဒေါ်ဖြစ်သူ ဒေါ်စန်းရီကို စောမင်းထွဋ် တွေ့လိုက်ရလေသည်။ ထမင်းအိုးတည်နေတဲ့ ဒေါ်စန်းရီလည်း စောမင်းထွဋ်ကို တွေ့သွားသည်နှင့် တူလေရဲ့။
"မောင်လေးရယ်........ မယ်ဇလီဖူး ရောင်းရတော့မှာလည်း မဟုတ်တာကို......ဘာလို့များ အစောကြီးထလာရတာလဲ........ အဲ့တာများ ဆက်အိပ်နေလိုက်တာ မဟုတ်ဘူး" ဟု ထမင်းအိုးတည်နေတဲ့ ဒေါ်စန်းရီမှ ပြောလာသည်။
"ရပါတယ် အမ........ ဘာမှမဖြစ်ပါဘူး....... လူက အစောကြီး နိုးနေတော့ ဆက်မအိပ်ချင်တော့နဲ့ ထလာလိုက်တာပါ........"
"အေးပါ....... အေးပါ......... ဟုတ်ပါပြီ"
အဒေါ်ဖြစ်သူ ဒေါ်စန်းရီလည်း ပြောပြီးရော စောမင်းထွဋ်လည်း နောက်ဖေး ရေတွင်းနားသို့ တန်းသွားလိုက်လေသည်။ ရေတွင်းနား ရောက်တော့ ဦးလေးဖြစ်သူ ဦးတင်ထွဋ် မျက်နှာသစ်နေသည်ကို တွေ့လိုက်ရလေသည်။ ဒါနဲ့ စောမင်းထွဋ်လည်း ဦးတင်ထွဋ် ပြီးတာနဲ့ တစ်ခါတည်း မျက်နှာသစ်လိုက်သည်။
YOU ARE READING
၁၉၉၀....ဆီသို့[Complete]
Fantasyအဖေနဲ့ မတည့်တဲ့ သားငယ်ဖြစ်သူဟာ accidentဖြစ်ပြီး အဖေဖြစ်သူ၏ ငယ်ရွယ်စဉ် အချိန်ဖြစ်တဲ့ ၁၉၉၀ဆီသို့ ရောက်သွားသောအခါ။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတာ စောင့်မျှော်ပေးကြပါ။ Bromanceနဲ့ blပါမှာ ဖြစ်ပါတယ်။