Part 21

341 41 8
                                    

"Awww ဘယ်​ယောက်ျားနဲ့ဘယ်နှညအိပ်ပြီးပြန်လာတာလဲHaryoung Ssi"

အိမ်ထဲ၀င်လိုက်တာနဲ့ခပ်​ထေ့​ထေ့​ပြောလိုက်တာ Choi Minjaeရဲ့စကားကိုဂရုမရိုက်ဘဲသား​ရေဆိုဖာ​ပေါ်တွင်ထိုင်ချလိုက်သည်

" အမ Suyoung​ရော"

"Suyoungက ဒီမှာရှိမယ်လို့ထင်​နေတာလား သူ့တန်းလျားမှာပဲသူရှိမှာ"

ရယ်ပြီး​ပြောလိုက်တဲ့စကား​ကြောင့်Haryoung မတ်တပ်ထရပ်လိုက်သည်

"ရှင် ကျွန်မရဲ့အမကိုလူလိုသူလိုဆက်ဆံပါ အခုချိန်မှာသူကရှင့်ရဲ့တရား၀င်မယား"

"တရား၀င် ဟုတ်လား ဘယ်နားကတရား၀င်​နေတာလဲ"

Choi Minjaeကပါထရပ်လိုက်သည်

"က​လေးတစ်​ယောက်ကို​မွေးပြီးပစ်ထား ပြီးရင်မဆိုင် ဆိုင်ရာ​တွေနဲ့ အကြပ်ကိုင်ပြီး အမနဲ့အတင်း​ပေးစား ​စောင့်​ရှောက်ခိုင်းတာ ဘယ်နားကဘယ်လိုတရား၀င်သွားရတာလဲ Lee Haryoung ssi"

"Yuya ကရှင့်သမီး မဟုတ်ဘူးလား"

Haryoung ရဲ့စကားကိုကြည့်ပြီးMinjaeကရယ်လိုက်သည်

"အဲ့လိုသာ​ပြောမယ်ဆိုရင်Yuyaကမင်းကိုယ်တိုင်​မွေးထုတ်ထားခဲ့တာ"

"ကျွန်မ မှ မလိုချင်တာ ပြီး​တော့​ဆေးစရိတ်​နဲ့ သက်တမ်း​​စေ့​အောင်​တောင်မ​နေရနိုင်တဲ့သူကိုကျွန်မကဘာဖြစ်လို့​မွေးထားရမှာလဲ"

​ခဏတာတိတ်ဆိတ်သွားသည်
မာန်မာန​တွေဖုံးလွှမ်း​နေတဲ့Haryoung ရဲ့မျက်နှာက ​၀တ်ထားတဲ့စိန်လည်ဆွဲရဲ့အ​ရောင်နဲ့ပိုပြီးပူ​လောင်​နေတာသိသာသည်

"Yuyaက ကျွန်မကခဏတာ အသုံးချဖို့Park Jiminကိုချဥ်းကပ်ဖို့ပဲ"

Haryoung သက်ပြင်းခပ်​လေး​လေးချလိုက်သံကိုကြား​နေရသည်

"Honey"

Haryoungရဲ့​နောက်​ကျောကိုဖက်ပြီး ပါးကိုနမ်းလိုက်​ပေမယ့်Haryoungက​ရှောင်ထွက်သွားသည်

"HoneyကDae Jaeအတွက်ဒီ​လောက်​တောင်လုပ်မှရမှာလဲ ကိုယ့်ရဲ့အချစ်​တွေကလျစ်လျူရှုပြီး​လေ"

"​မောင်ကကျွန်မအတွက် အရာရာပဲ Min Yoongiဆိုတာ​ရော Choi Minjaeဆိုတဲ့ရှင်​ရော အရာအားလုံးဟာအမှိုက်သာသာပဲ"

Be with You (Completed)Where stories live. Discover now