Part 33 (Be With You End)

757 49 34
                                    

"Ji..Jimin"

"​တောင်းပန်ပါတယ် တရားခံကမ​တွေ့ချင်ဘူးလို့​ပြောပါတယ်"

"မဖြစ်နိုင်ဘူး Jimin ကိုကိုလာတယ်​လေ ကိုကိုမင်းကိုလာ​တွေ့တယ်​လေ"

အချုပ်ခန်းရဲ့​ရှေ့မှာ​အော်ဟစ်​နေတဲ့ ကိုကို့ရဲ့အသံ​တွေ...

ပါးပြင်​ပေါ်ကျလာတဲ့ ​စိုစိုစွတ်စွတ်အရာ​တွေကိုလက်ဖမိုးနဲ့ဖိသုတ်လိုက်သည်။

"​တောင်း..ပန်..ပါ..တယ်"

​တောင်းပန်တယ် ကျွန်​တော် ​ပြောခဲ့တဲ့ကတိကိုမတည်ခဲ့မိဘူး ကိုကို့နားမှာတွယ်ကပ်​နေမယ်ဆိုတာ..ကျွန်​တော်ဘယ်လိုလုပ်ရမလဲ ကျွန်​တော်​သေ​လောက်​အောင်နာကျင်​နေတာ ...ပြီး​တော့ဒီနည်းလမ်းက ကိုကို့ကိုဘာမှမထိခိုက်​စေဘူး​​လေ​နော်..

"Jimin!! မင်းဒီလိုအပြစ်​တွေအားလုံးကိုခံသွားလို့မဖြစ်ဘူး​လေ"

"လူကြီးမင်းရှင့် ဒါဥပ​ဒေအရ ထိန်းသိမ်းထားတဲ့တရားခံ​တွေရှိတဲ့အကျဥ်း​ထောင်ပါ ဒီလိုထင်တိုင်းအော်ဟစ်​နေလို့မရပါဘူး"

ရဲ​မေတစ်​ယောက်ရဲ့အသံကဟိန်းထွက်လာသည်။
ကိုကို့ရဲ့​အော်သံ​တွေကလည်းရပ်သွားသည်။

"ဆရာမ"

Jiminအနားမှာရှိတဲ့ရဲ​မေတစ်​ယောက်ကို​ခေါ်လိုက်သည်။

"သူ့ကို​ပြော​ပေးပါ မနက်ဖြန်ရုံးချိန်းမှာ​တွေ့ရမယ် အခု​တော့ပြန်​ပေးပါလို့"

ရဲ​မေကသူ့ကို​ခေါင်းငြိမ့်ပြကာအပြင်ကိုထွက်ပြီးငွာူ​ပြောသည်။

သံတိုင်ဖြူဖြူတံခါး​တွေအဆင့်ဆင့်ကာထားတဲ့တံခါးကြားထဲက ​ချောင်းကြည့်မိ​တော့ ​တွေ့လိုက်ရတာ ကိုကို့ရဲ့​နောက်​ကျော​ပြင်​​လေး..

​ဟောဟိုက ကိုကို့ဖိနပ်​အောက်မှာကပ်​နေတာဘာ​လေးပါလိမ့်

​အော် ခရမ်း​ရောင်Violetပန်း​လေးပဲ...
ကျွန်​တော့်ရဲ့အပင်​တွေ​ပေါ် ကိုကိုဖြတ်နင်းလာတာလား

ကျွန်​တော်စိတ်ဆိုးမိတယ်မထင်ဘူး ကိုကို...

_________________________________

"Jen နင်  ကိုကို့ကိုသွား​ပြောတယ်​ပေါ့ ဟုတ်လား"

မှန်ထူပြားတစ်ချပ်ကာရံထားတဲ့နံရံကိုခြားလျက်ဖုန်းနဲ့​ပြော​နေကြ​သောသူနဲ့jen

Be with You (Completed)Tempat cerita menjadi hidup. Temukan sekarang