Intro

3.3K 133 5
                                    

[Unicode]

ဂျောင်ဂု....မင်းနဲ့ငါ မတွေ့ရတာတောင် ငါတို့ အထက်တန်းပြီးကတည်းကမလား။ဆယ်နှစ်လောက်တောင် ရှိပြီ ထင်တယ်။
ငါ မင်းကိုသာ တွဲဖို့ မပြောခဲ့ရင် ငါတို့ ဆက်ဆံရေးက သူငယ်ချင်းထက် မပိုခဲ့လောက်ဘူး။ ပြီးတော့ မင်း ငါ့ကိုလည်း ခါးခါးသီးသီး မုန်းသွားခဲ့မှာ မဟုတ်လောက်ဘူး။ အခုတော့...အခုတော့....ငါကပဲ မှားတာပါ...ငါမင်းကို မကစားခဲ့သင့်ဘူး။

မင်းအတွက် ငါက အရေးပါတဲ့ လူဆိုတာ ငါမသိခဲ့ဘူး။ မင်း ငါ့ကို နာကျည်းနေမယ်မှန်း သိပါတယ်။ ဒါပေမယ့် မင်းရဲ့ အချစ်တွေ ဂရုစိုက်မှုတွေကို လိုချင်သေးတယ်ဆိုရင်တော့ ငါမျက်နှာပြောင်ရာကျတယ်မလား။ ငါတို့ လမ်းခွဲပြီးကတည်းက ငါ့ဦးနှောက်ထဲမှာ မင်း‌အကြောင်းတွေးနေတာကို လုံးဝ မရပ်နိုင်ခဲ့ဘူး။ အမြဲ မင်းအကြောင်းတွေပဲ စုံစမ်းနေမိတယ်။ ဒါကို အချစ်လို့ ခေါ်မလား။ ငါမင်းကို ချစ်နေမိတာလား။ မင်းကိုငါ ချစ်တယ်လို့ အခုအချိန်မှပြောရင် မင်းက ယုံပါတော့မလား။

မင်း အထက်တန်းပြီးတော့ အမေရိက က တက္ကသိုလ်တစ်ခုမှာ Scholarshipရတယ်လို့ကြားတယ်။ ‌ဂျောင်ဂု...မင်းက တော်ပါတယ်။ အခု မင်းတတ်ချင်တဲ့ ဆေးကျောင်းလည်းတတ်ရပြီး ဆရာဝန်တောင် ဖြစ်နေပြီလို့ ငါကြားတယ်။ ပြီးတော့ မင်းဘေးမှာလည်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်လို့ဆို။ ဒီသတင်းကို စကြားတုန်းက ငါ့စိတ်ထဲမှာ တမျိုးပဲ။ သဝန်တိုတာလား မနာလိုတာလား မသိတော့ဘူး။ အာ...ဘာလို့ သဝန်တိုရမှာလဲ။ မင်းနဲ့ ငါက အခုဘာမှမဆိုင်တော့ဘူးလေ။ ငါကတော့ မင်းကို ချစ်မိသွားခဲ့ပြီ.....
-
-
-
-
-
-
-
-
ထယ်ယောင်းတစ်ယောက် ကုန်တိုက်ကနေ ဈေးဝယ်ပြီး သူ့တိုက်ခန်းရှိရာသို့ ပြန်လာခဲ့သည်။ တိုက်ခန်းရှေ့ကိုရောက်တော့ ကုန်ကားတစ်စီးဖြင့် ပစ္စည်းတွေ ချနေတာကို တွေ့သည်။ ဘေးမှာလည်း အိမ်ခြံမြေအကျိုးဆောင် အဒေါ်ကြီးရှိတာကြောင့် ထယ်ယောင်းတစ်ယောက် မတွေဝေဘဲ မေးလိုက်တော့သည်။

"Arjuma! ဘာလုပ်နေကြတာလဲ ဟင်"

"အော်...ထယ်ယောင်း! မင်းရဲ့ ဘေးက အခန်းမှာ လူအသစ်ရောက်လို့လေ...အိမ်ပြောင်းနေတာ"

PSYCHOPATH  [Complete]Tempat cerita menjadi hidup. Temukan sekarang