[1]

1.6K 92 3
                                    


(Unicode)

Flashback

ကျယ်ဝန်းလှတဲ့ ကျောင်းဝန်းကြီးထဲကို ထယ်ယောင်းတစ်ယောက် ခြေချခဲ့လေပြီ။ သူက အထက်တန်း နောက်ဆုံးနှစ် ဖြစ်သည့်အတွက် ကျောင်းတွင် အကြီးဆုံး စီနီယာတန်း ကျောင်းသားဖြစ်သည်။ ‌ဒီတစ်နှစ် တတ်ပြီးလျှင် တက္ကသိုလ် ရောက်တော့မည့်ကျောင်းသားတွေ ဖြစ်သည့်အတွက် စာကြိုးစားရမည်။ ကိုယ်လိုချင်တဲ့ တက္ကသိုလ်ကို ရောက်နိုင်ဖို့အတွက် တကြိုးတစား စာလေ့လာနေကြတဲ့ ကျောင်းသားတွေထဲမှာ သူတော့မပါ။

သူရဲ့ နောက်ထပ် ပြန်မရနိုင်တော့မည့် ဆယ်ကျော်သက်ဘဝကို ဒီအရေးမပါတဲ့ စာတွေထဲမှာ နှစ်မြှုပ်မထားလိုပါ။
သူ့အိပ်မက်က သူများတွေလို ဆရာဝန်တွေ အင်ဂျင်နီယာတွေ ဖြစ်ချင်တာလည်း မဟုတ်။ သူ့အိမ်ကလည်း အဲ့လောက် မတတ်နိုင်ပါ။ သူ့မိဘတွေက ဒယ်ဂူမှာ လယ်လုပ်ငန်းလုပ်တဲ့ လယ်သမားတွေဖြစ်သည်။ သူကတော့ ဆိုးလ်မှာရှိတဲ့ သူ့အဒေါ်နှင့် အတူတူနေကာ ကျောင်းတတ်သည်။ သူ့အိပ်မက်က ‌ကော်ဖီဆိုင်လေး တစ်ခုဖွင့်မယ်၊ ပြီးတော့ သူက မုန့်ဖုတ်တာလည်း ဝါသနာပါတယ်ဆိုတော့ ပေါင်မုန့်တွေ ကိတ်မုန့်တွေလည်း ရောင်းမယ်။ ဒီလိုပဲ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းမယ်။

အော်...နောက်တစ်ခု ရှိသေးတယ်။ ကျွန်တော်က အချစ်ဆိုတဲ့ အရာကို အယုံအကြည် မရှိဘူး။ လက်ထပ်တာကိုရောပေါ့။ ရည်းစားထားတယ်ဆိုတာလည်း ကျွန်တော့်အတွက်တော့ အပျော်သက်သက်ပဲ။ ရည်းစားတစ်ယောက်ကို တစ်လထက် ပိုမတွဲဘူး။ ဒါက ကျွန်တော့်ရဲ့ အစဉ်အလာပေါ့။

"ရား ကင်မ်ထယ်ယောင်း!"

သူ အတွေးထဲနစ်ကာ လမ်းလျှောက်လာတုန်း သူ့နာမည်ခေါ်ကြားလို့ လှည့်ကြည့်လိုက်တော့ သူ့ဆီကို အပြေးအလွှားလာနေသည့် နှစ်ယောက်မရှိသော သူငယ်ချင်းကြီး ပတ်ဂျီမင်း ဖြစ်နေသည်။

"ငါ့ကို ကျောင်းသွားရင် ဝင်ခေါ်ပါလို့ ပြောတာကို ဘာလို့ ဝင်မခေါ်တာလဲ"

သူ့အား စူပုပ်ကာ မေးလာတဲ့ သူငယ်ချင်းကြောင့် ထယ်ယောင်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့။

PSYCHOPATH  [Complete]Donde viven las historias. Descúbrelo ahora