1

318 31 0
                                    

"မင်းက ဘာနဲ့ တူလဲ သိလား Jaehyun "

"ဘာနဲ့တူလဲ "

"ခု ငါ ပါးစပ်ထဲ ထည့်လိုက်တဲ့ စပျစ်သီးနဲ့
တူတယ် "

Jaehyun ကတခွိခွိရယ်ပြီး

"ကျွန်တော့်ကို ပါးစပ်ထဲ ထိ ငုံထားမတတ်
ချစ်တာ ပေါ့ Doyoungie hyungက
အဲ့လောက်တောင်ပဲလားး "

"အဟဲ သိပ်ကို စကားတတ်နေတယ်ပေါ့
ဟုတ်လား ဝူရီ Jaehyun လေးး "

စကားအသွားအလာက နည်းနည်း တမျိုး
ဖြစ်လာတာကြောင့် Jaehyunက သူ့ရဲ့
စိတ်ထဲမှာ နံပါတ်စဉ်တွေ ရေ နေပြီပဲ ဖြစ်တယ်
*တစ်*

"ငါ စပျစ်သီး သိပ်ကြိုက်တယ် ဆိုတာ
မင်း သိတယ်မလားး"

"အဟားး သိတာပေါ့ သိတာပေါ့"
*နှစ်*

"ဒါပေမယ့် ငါခု ပါးစပ်ထဲ ထည့်လိုက်တဲ့
စပျစ်သီးလေးက သိပ်ကိုချဉ်နေတယ် သိလား"

"အာ ဟုတ်လားး "
"သုံး!"
"ကျွန်တော် ပြေးပြီ!"

Jaehyun က သူ့ဘေးကနေ ဝုန်းခနဲ
ထပြေးတာကြောင့် သူခနကြောင်သွားပြီးမှ
နောက်ကနေ ထပြေးလိုက်ကာ

"ရားးး မင်း ခုချက်ချင်း ပြန်လာ ခဲ့စမ်း
Jung Jaehyun! မင်းငါ့ကို
ဒီလောက်ပဲရှောင်စမ်းပါတော့ ဒဲ့ရှင်းစမ်းပါ"

"ကျွန်တော့်ကို လွှတ်ပေးထား လိုက်ပါတော့ ဆို
hyung ပြေးမလိုက်နဲ့နော် hyung ပင်ပန်း
လိမ့်မယ် ကျွန်တော် သိပ်အပြေးသန်တာ သိတယ်
မလားး "

"မင်းကို ဒီည အလွတ်မပေးဘူး နော် !
ငါ့နားပြန်လာခဲ့စမ်း ငါ့ကို လေဆိပ်ကို
လာမကြိုတဲ့ အပြင် ခုဒီမှာပါ ရှောင်နေရတဲ့
အကြောင်းကို ရှင်းပြစမ်းပါ "

"hyung မောနေပြီ နော် ရပ်လိုက်ပါတော့
စိတ်လျှော့လိုက်ပါ hyungရာ လူဆိုတာ
ဒေါသ ကင်းစင် ရင် ပြုံးပျော်ရွှင်ပါတယ်"

"လုံး၀ ခွင့်မလွှတ်ဘူးနော် ဂျောင်ဂျယ်ဟွန်း
ဒါပေမယ့် ခုတော့ မင်းကို အလွတ်ပေးလိုက်မယ်"

Doyoung ကပြေးလိုက်နေတာ ကနေ
ချက်ချင်း ရပ်လိုက်တော့ Jaehyun က
ကျေးဇူးလို့ အော်ကာ လှည့်မကြည့်ပဲ ပြေးထွက်
သွားသည် ထို့နောက် Doyoungက
သဲသောင်ပြင်ပေါ် လှဲချလိုက်ကာ
ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးကို
မော့ကြည့်နေမိသည် အတန်ကြာအောင်

We're Loving Each Other So MuchWhere stories live. Discover now