Final

220 22 0
                                    

သူတို့ နှစ်ယောက် ညဘက် ကြယ်တွေကို
ကောင်းကောင်းမြင်ရတဲ့ ခေါင်မိုးထပ် တခုပေါ်
ရောက်နေတာ ဖြစ်၏ ဒါပေမယ့်
သူတို့ရဲ့ အာရုံက ကြယ်တွေ ဆီမှာ
မရှိပေ တစ်ယောက်ကတော့ စပျစ်သီးဆီမှာ
အာရုံရောက်နေပြီး တစ်ယောက်ကတော့
စပျစ်သီးဆီမှာ အာရုံရောက်နေတဲ့ တစ်ယောက်
ဆီမှာ အာရုံရောက်နေတာ ပဲဖြစ်ပါတယ်

Doyoung က စပျစ်သီး တလုံးကို
ပါးစပ်ထဲ ထည့်မလို့ ကြံတော့ Jaehyun
ကတားလာသည်
ဘာလဲ ဆိုတဲ့ အကြည့်နဲ့ မေးငေါ့ပြတော့
Jaehyun က ရယ်လိုက်ရင်း

"hyung ခုစာ‌းနေဝာာ ဘာလဲ "

"စပျစ်သီးလေ "

"ဒါဆို hyungပြောဖူးတာ မှတ်မိသေးလား
ကျွန်တော်က ဘာနဲ့တူတယ် ဆိုတာလေ"

"အော် မှတ်မိတယ်လေ စပျစ်သီးနဲ့တူတာလေ
အဲ့တာ ဘာဖြစ် "

စကား သံတို့က တ၀က်တပျက် မှာ
ရပ်သွားပါသည် Jaehyunဆီမှာအငိုက်မိသွားတဲ့
Doyoung မှာတော့ ‌ဘာမှကို မပြောနိုင်
တော့ပဲ Jaehyun ခြယ်လှယ်သမျှ
ခံနေရပါ၏ သူ့စိတ်ကြိုက် နမ်းပြီးခါမှ
လွှတ်ပေးလာကာ ပြုံးဖြီးဖြီးနှင့် ကြည့်နေ၏

"မင်း တအားကို တတ်‌နေတာ ပဲ"

"အဲ့တာ ကျွန်တော့်ကို အပြစ်မတင်နဲ့နော်
ဒီရောက်ကတည်းက hyung က အဲ့ကောင်
ပေါ်ပဲ သည်းကြီးမည်းကြီး အာရုံ ရောက်နေတာ
ကျွန်တော့်ဟာကျွန်တော် ထွင်ပြီး ကြံရတာပေါ့"

"Jaehyun အဲ့တာ စပျစ်သီးနော် "

" စပျစ်သီးလည်း hyung ကျွန်တော့်ထက်
သဘောကျနေရင် ကြည့်မရဘူး"

Doyoung က တဟီးဟီး ထရယ်၏

"အဲ အဲ နေဦး နေဦး အမှတ်ရပြီ "

Jaehyun က သူစိတ်ဆိုးနေပါတယ်ဆိုတဲ့
မျက်နှာ နဲ့ မေးငေါ့ပြသည်

"မင်းး ငါ ဟိုကိုသွားနေတုန်းက ဘာလို့
ငါဖုန်းဆက်တာတွေ မကိုင်တာလဲ ပြော"

ထိုအခါ Jaehyun က ပြုံးလာရင်းးး
Doyoung လက်တစ်ဖက် ကို အသာ
ဆွဲယူကာ ခပ်ဖွဖွ နမ်းလာသည်

We're Loving Each Other So MuchWhere stories live. Discover now