2

183 23 0
                                    

"ဘာတွေကြည့်နေတာ "

"ဟင့်အင်း ဒီလိုပါပဲ "

ထိုကောင်မလေးက တစ်ချက် လှည့်ကြည့်ပြီးမှ
သူစားစရာရှိတာကိုစားနေ၏ Jaehyunရဲ့
အာရုံကတော့ Counter မှာ ရှိနေတဲ့
Doyoung ဆီမှာသာ Doyoungကလည်း
သူ့ကို ခနခန ကြည့်ကြည့်လာ တာကိုလည်း
သတိထားမိ၏

"ဒါဆို ငါ သင်တန်းသွားတော့မယ် လေ "

"အင်း ငါလိုက်ပို့ပေးမယ် မှောင်တော့မယ်"

"နေနေ ငါ့မှာ ကားပါလာတယ် "

"အင်းအင်းး "

ထိုကောင်မလေးက ထွက်သွားတော့
Doyoung ကိုပါပြုံးပြသွားတာကို
သူမြင်လိုက်၏
ဆိုင်က မကြာခင် ပိတ်တော့မှာ ကြောင့်
Jaehyun က Doyoung ကို
တခါတည်း စောင့် ဖို့ ဆုံးဖြတ်လိုက်သည်
-------------------------------------------------
အနည်းငယ် တိတ်ဆိတ်နေ တယ်လို့
ခံစားရတာကြောင့် Jaehyun က
သူနဲ့ နည်းနည်း လှမ်းပြီး လျှောက်နေတဲ့
Doyoung ရဲ့ နောက်ကျောပြင်လေးကို
ကြည့်နေမိသည်
ဒါပေမယ့် ဆတ်ခနဲ အနောက်ကို လှည့်ကြည့်
လာတာကြောင့် Jaehyun က ရုတ်တရက်
ရပ်မိသွားသည်

"Jaehyun အိမ်မပြန်ပဲ ဘာလုပ်နေတာလဲ "

"hyung ကို လိုက်ပို့တာလေ "

"မင်း အရူးလားး ငါက နည်းနည်းလောက်
‌ဆက်လျှောက်ပြီးရင် ရောက်တော့မှာကို"

"ကျွန်တော် က ဘယ်လို ပြန်ရမှာလဲ"

"မင်းမှာ ဆိုင်ကယ်ပါတာ ငါ မြင်တယ်လေ
Jaehyun "

"hyung "

"အင်း?"

"ဟို သူ က "

"မင်း ကောင်မလေး မလားး "

"..."

"ငါ သိတာ နည်းနည်းတော့ကြာပါပြီ
မင်းပြောလာမယ့် အချိန်စောင့်နေတာ
ဝါးး ငါတို့ Jaehyunလေးတောင်
အရွယ်ရောက်လာပြီပဲ ဟဟ"

စကားသံတို့က တိတ်ဆိတ်သွားပြန်သည်

"မင်း ဆိုင်ကိုပြန်သွားပြီး ဆိုင်ကယ် ယူရဦး
မှာမလား ပြန်တော့လေ နောက်ကျနေလိမ့်မယ်"

We're Loving Each Other So MuchWhere stories live. Discover now