4

184 23 0
                                    

တကယ်တော့ Doyoung နဲ့ Jaehyun ရဲ့
တွေ့ဆုံမှုဟာ Ten ကြောင့် စတင်ခဲ့တာဖြစ်၏
Ten ရဲ့ သူငယ်ချင်း ဖြစ်သူ Doyoungက
Ten အိမ်ကို လာရင်းကနေ Ten ရဲ့
အိမ်နီးချင်းး အသစ်လေးဖြစ်တဲ့ Jaehyun
နဲ့ ပါ ရင်းနှီးခဲ့တာ ဖြစ်၏ သုံးယောက်ထဲမှာ
အငယ်ဆုံးလေးမို့ နှစ်ယောက်လုံးက
သေချာ ဂရုစိုက်ကာ ချစ်ပေးခဲ့ကြ၏
သို‌့ပေမယ့် အရွယ်ရောက်လာကြတဲ့ အခါမှာ
Jaehyun နဲ့ အကြည့်ချင်း ဆုံတိုင်း
ရင်ခုန်တတ်လာတာကို Doyoung သတိ
ထားမိခဲ့ပေမယ့် မသိချင်ယောင်ပဲ ဆောင်နေမိ၏
အထွေအထူးမဟုတ်သလို ဒီလိုပဲ နေရင်းထိုင်ရင်း
ကနေ Jaehyun ကို ကောင်မလေးတွေနဲ့
စကားပြောနေတာတွေ မြင်ရရင် သ၀န်တို
လာတတ်တာကိုလည်း သူ မသိချင်ယောင်ပဲ
ဆောင်ထားခဲ့တာပင်

တနေ့မှာ Doyoung ရဲ့ အန်တီ ဖြစ်သူက
အနည်းငယ်လည်း နေမကောင်းဖြစ်နေကာ
Doyoung ကိုပါ တွေ့ချင်နေတယ်ဆိုတာ
ကြောင့် အန်တီရှိရာကို ခန လိုက်သွားခဲ့တာပင်
ကျောင်းပိတ်ရက်လည်း ဖြစ်တာကြောင့်
Jaehyun နဲ့ သိလာကတည်းက
တပူးပူးတတွဲတွဲ နေခဲ့ကြ သူတွေမို့
ခနပဲ ခွဲရမှာတောင် ၀မ်းနည်းသလိုခံစားခဲ့ရသည်
မျက်နှာသိပ်မကောင်းတဲ့ Jaehyunနဲ့
Doyoung ကိုမြင်တော့ Tenကတောင်
ပိုလိုက်တာလို့ စနောက်ခဲ့သေး၏

ပြသနာကတော့ အဲ့အချိန်တွေမှာစတာပင်
ညတိုင်းနီးပါး Jaehyun က အိမ်မက်ထဲထိပါ
ရောက်လာတာပင် သိပ်ကို သတိရလို့
ဖြစ်မယ်ဆိုပြီး ဖုန်းဆက်ပေမယ့် သူဆယ်ခါခေါ်ရင်
Jaehyun က တခါလောက်ပဲကိုင်တတ်သည်
ဒီကြားထဲ Ten ပြောတဲ့စကားကြောင့်
အနည်းငယ် စိုးရိမ်စိတ်တို့ ၀င်လာခဲ့သည်
ဒါ့ကြောင့် အဒေါ် နေကောင်းပြီဆိုတာနဲ့
သူအချိန်တောင် မဆွဲပဲ ပြန်လာခဲ့၏

Jaehyun ကောင်မလေးရတာကို အတည်ပြု
ပြီး တဲ့အချိန်မှာပဲ သူ Jaehyunအပေါ်
ခံစားချက်ရှိနေတာကိုလည်း ရင်နာစွာ
အတည်ပြုနိုင်သွား၏

Tenကတော့ တမှိုင်မှိုင် ဖြစ်နေတတ်တဲ့သူ့ကို
သိသိသာသာကို ဂရုစိုက်ပေးပြီး အရိပ်တကြည့်ကြည့်
ကြည့်နေ၏ Ten ကို ဒီအကြောင်းတွေ
ရင်ဖွင့်ဖို့ ကြတော့လည်း သူ့အနေနဲ့ အနည်းငယ်
တော့ ရှက် မိတာပင်

We're Loving Each Other So MuchKde žijí příběhy. Začni objevovat