151

8K 1.1K 19
                                    

{Unicode}

"အဖွဲ့ထဲ ပါဝင်ရန် သဘောတူညီခြင်း"

ရန်ကျားလိသည် ထင်သည့်အတိုင်း နောက်တစ်နေ့ ကူးသွားပြီး နောက်ကျမှသာ အိပ်ရသည်။

နှိုးစက်က သုံးကြိမ်တိုင် အော်မြည်ခဲ့သည့်တိုင် သူ့ကို မနှိုးနိုင်ခဲ့ပေ။

နောက်ဆုံး သူ မျက်ခွံကို ဖွင့်လိုက်ချိန်တွင် ဆယ့်တစ်နာရီပင် ထိုးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ရန်ကျားလိသည် အသက်ပြင်းပြင်း ရှူရှိူက်လိုက်ပြီး ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်နှင့် အရိုးကွဲကြောင်း နေရာတွင် ကိုက်ခဲမှုဖြင့် ပြည့်နှက်နေကာ အားမရှိသလို ခံစားလိုက်ရသည်။ သူ့ကိုယ်ခန္ဓာသည် ရေကန်ထဲတွင် တစ်ညလောက် စိမ်ထားသလိုမျိုး နူးအိပြီး ဖြိုင်းဖြိုင်းကျနေခဲ့သည်။

ရန်ကျားလိ စိတ်ထဲတွင် ထင်သည့်အတိုင်း လိင်တူချစ်သူ၏ မိမိကိုယ်ကိုယ် မချုပ်တည်းနိုင်တဲ့ လိုအင်ဆန္ဒများပင်ဟု တွေးရင်း သက်ပြင်းချလိုက်သည်။

ယဲ့ထင်အမေကြောင့် ခဏတာ ဒေါသထွက်သွား၍ စိတ်ထဲ မီးတောက်လာပြီးနောက် အခန်းထဲပြန်လာသောအခါ ယဲ့ထင်၏ သန်မာ တောင့်တင်းသည့် ရင်အုပ် ကြွက်သားများကို တွေ့လိုက်ရသည်။ ထိုအခါ ထိုမီးတောက်သည် တဏှာရမ္မက်အဖြစ် ပြောင်းလဲသွားပြီး မအောင့်အီးနိုင်တော့ဘဲ သနားစရာ ချွေးမဘဝမှ ဘဝတစ်ပါး ကူးပြောင်းသွားပြီး ​စည်းမဲ့ကမ်းမဲ့ ရမ်းကားသောင်းကျန်းသော ခင်ပွန်းသည်လေး ဖြစ်သွားတော့သည်။

ရန်ကျားလိသည် မနေ့ညက မိမိ၏ အထိန်းအကွပ် မဲ့နေသည့် ပုံစံကို ပြန်ပြောင်း တွေးမိသွားသောအခါ ရှက်ရွံ့သွား၍ မျက်နှာပူကာ နားရွက်များ နီရဲလာလေ၏။

သူကုတင်ပေါ်မှ ထလာသောအခါ ယဲ့ထင်တစ်ယောက် အင်္ကျီလဲပြီး ထွက်လာချေပြီ။ ကိုယ်လုံးအပြည့် အနက်ရောင် ဝတ်စုံ၊ တစ်ချောင်းမှပင် မရှုပ်ထွေးနေသော ဆံပင်စတိုင်၊ ညီညီရီရီ စည်းထားသော နက်ခ်တိုင်ဖြင့် အလွန်တရာမှပင် အဆင့်အတန်း ရှိနေလှသည်။ မနေ့ညက ရူးသွပ် စိတ်လွတ်နေသည့် ပုံစံနှင့် လားလားမျှပင် မတူတော့ပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now