152

7.4K 1.2K 38
                                    

{Unicode}

"ပြောင်းရွေ့"

လီတာ့တစ်ယောက် အလျှော့ပေးလိုက်ခြင်းသည် ရန်ကျားလိ ထင်ထားသည်နှင့်တော့ အနည်းငယ် ကပြောင်းကပြန် ဖြစ်သွားခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် လီတာ့နှင့် လီအော့အား ဝမ်ယန်ကို အဖွဲ့ထဲတွင် ပါ၀င်ခွင့်ပေးချင်သည့် ထိုစိတ်ကူးနှင့် ပတ်သက်၍ ပြောကြားခဲ့ရာ လီတာ့က သူ၏ ဆန့်ကျင်မှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။

သူသည် မိမိက ဝမ်ယန်အပေါ် အလွန်အမင်း ရွံ့ရှာ စက်ဆုပ်နေမှုကို မချွင်းမချန် ကုန်စင်အောင် ဖော်ပြခဲ့၍ ရန်ကျားလိသည်ပင် ဤကိစ္စက မျှော်လင့်ချက် မရှိတော့ဘူးဟု ထင်မှတ်မိခဲ့သည်။ ဝမ်ယန်အား အဖွဲ့ထဲ ထည့်ဖို့ကို လက်လျှော့လိုက်ပြီး အခြားနည်းလမ်း ရှာတော့မည်ဟု စိတ်ကူးလိုက်ချိန်မှ လီတာ့က ရုတ်တရက် အလျှော့ပေးကာ သဘောတူလာသည်။

ရန်ကျားလိ အသိပြန်မကပ်ခင်မှာပဲ လီတာ့က အသက်ပြင်းပြင်း ရှူရှိူက်ကာ ထပ်ပြောလာသည်။

"ဒါပေမဲ့၊ ကျွန်တော် တောင်းဆိုချက် တချို့ ပြောပြချင်တယ်"

ရန်ကျားလိသည် လျင်လျင်မြန်မြန် ခေါင်းညိတ်လိုက်ပြီး

"မင်းပြော"

လီတာ့က ဆိုသည်။

"ကျွန်တော် ဝမ်ယန်ကို အရင် လေ့ကျင့်ထားခိုင်းစေချင်တယ်။ အရင်ဆုံး တရားဝင် မ၀င်လာခိုင်းသေးဘဲ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမူကို ကြည့်မယ်။ သူ လမ်းမှန်ပေါ် တကယ် ရောက်သွားတယ်ဆိုတာကိုတော့ ကျွန်တော် သိပ်မယုံပေမယ့်၊ ရန်ကောက သူ့ကို အာမခံပေးထားမှတော့၊ ကောင်းပြီလေ။ သူသာ သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အထင်အမြင်ကို တကယ်ပဲ ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်၊ ကျွန်တော် ကိုယ်တိုင် သူ့ကို ထမ်းစင်နဲ့ သွားကြိုမယ်"

(TN/ တိတိကျကျ ဆိုလိုတာကတော့ လူရှစ်ယောက်နဲ့ ထမ်းသယ်ရတဲ့ ရှေးခတ်က အထက်တန်းလွှာတွေ စီးတဲ့ ဝေါယာဥ်ကို ပြောတာပါ.....Li Da, I'm watching you😁)

ရန်ကျားလိတစ်ယောက် မျက်ခုံးပင့်သွားပြီး

"မင်းတကယ် ပြောတာ?"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now