𝐏𝐚𝐫𝐭 - 1

334 22 2
                                    

"သားလေးရေ"
"ဟုတ် မေမေရေ ခဏလေးပါ အချိန်စာရင်းတိုက်ပြီးရင်ဆင်းလာခဲ့မယ်နော်"
"မြန်မြန်လေးလုပ်‌နော် ညစာစားဖို့နောက်ကျနေပြီ"
"ဟုတ်ကဲ့..."
စာဂျပိုးလေးဂျောင်ကုကို အဖေဖြစ်သူကပါ ထပ်ခေါ်သည်။
"သားဂျောင်ကု မလာသေးဘူးလားကွာ ဖေဖေဗိုက်ဆာနေပြီ"
"လာပါပြီ လာပါပြီ‌ ဖေဖေရ"
လှေကားကနေ အပြေးဆင်းလာတဲ့ သူတို့ရဲ့ ဂျွန်ကလေးလေးပါလေ
ဂျောင်ကုဆိုသည်မှာ တစ်ဦးတည်းသောသားလေးမို့ မိဘတွေက တုန်နေအောင်ချစ်သည်။
ထို့အပြင်ဂျောင်ကုကလဲ လိမ္မာသည်။
သူများတွေ ရည်းစားကိုယ်စီရှိနေကြတဲ့အချိန် သူ့သားလေးကတော့ အချစ်ဆိုတာဘာမှန်းမသိသေးပါချေ။
ဒါပေမယ့်လည်း အချစ်ဆိုတဲ့အရာက ရှောင်လွှဲလို့ရတဲ့အရာမှ မဟုတ်တာလေ...
တစ်ချိန်ချိန်တော့ ဂျောင်ကုလည်းအချစ်ကို ရှာတွေ့လာမှာပေါ့...
.....
ထမင်းစားပြီး သားအဖသုံးယောက် TVအတူတူကြည့်ကျသည်။
Action ကားမို့ မေကြီးကတော့ သိပ်စိတ်မဝင်စား
‌ဆိုဖာပေါ်ကနေ သား‌ဖြစ်သူခေါင်းလေးကို ပွတ်ပေးရင်း

"သားငယ်လေး မနက်ကျောင်းတက်ရမှာကို အိပ်သေးဘူးလား"

"မေကြီး မင်းကလဲ သားလေးကြည့်ပါစေဦး အခုမှအစောကြီးရှိသေးတာ"
ထိုအခါ မျက်လုံးဝိုင်းလေးတွေနဲ့ သူ့‌မေမေကို ပြန်ကြည့်လာတဲ့ ၁၆နှစ်သားလေး
Tvဆက်ကြည့်လို့ရလားဆိုတဲ့ သဘောမျိုး
"ဟုတ်ပါပြီ ဒါဆိုလဲဆက်ကြည့်ပါရှင် မေမေတော့ အိပ်ချင်လာလို့ သွားအိပ်တော့မယ်နော် မေ့ချစ်ဆုံးလေး"
"ဟုတ် မေမေ ဂွတ်နိုက်ပါ သားလဲမေမေ့ကိုချစ်တယ်"
"ဖေဖေ့ကိုရော"
ဆိုဖာပေါ်ကနေ အောက်ကသားကို လှမ်းရစ်တဲ့ ဖေကြီး
"ဖေကြီးကို မချစ်ဘူးတဲ့"
မေကြီးက လှေကားပေါ်ကနေလှမ်းစသည်
ဂျောင်ကုဆိုဖာပေါ်တက်လိုက်ပြီး ရယ်ရင်း
"ဖေဖေ့ကိုလဲ ချစ်တာပေါ့"
"ဖေဖေကလည်းချစ်ပါဗျာ"
ဒီလိုနဲ့သားဖနှသ်ယောက် တီဗွီကြည့်နေရင်း ဖေကြီးဘက်က စကားစလာသည်။
"ငါ့သားရည်းစားတွေပါတွေရနေပြီလား"
"ဟာ မရပါဘူး ဖေဖေရာ"
"ဘယ်လိုမရတာလည်း ကြိုက်မယ့်လူမရှိတာလား ငါ့သားက မကြိုက်တာလား"
"သားအနေအထားကြီးနဲ့ ကြိုက်မယ့်လူမရှိတာဖြစ်စရာလား ဖေဖေရ အယ်လဲ့"
"ဟားဟား ငါ့သားကတော့ကွာ အဖေတူသားပဲ"
"ဟာသပြောတတ်တာကိုပြောတာလား ဖေကြီး"
"ဟာ မင်းကလည်းကွာ ရုပ်ချောတာလောက်တော့လုပ်"
"ဟားဟား"
ဒီလိုနဲ့သားဖနှစ်ယောက်ရယ်သံလေး ဧည့်ခန်းထဲ ပျံ့လွင့်သွားသည်။
တီဗွီကြည့်ပြီး သူတို့နှစ်ယောက်လည်း အိမ်ပေါ်တက်ခဲ့ကြသည်။
"သား အိပ်တော့နော် ဂွတ်နိုက်"
"ဟုတ် ဖေကြီး ဂွတ်နိုက်"
ဖေဖေ့ကိုနှုတ်ဆက်ကာ သူ့အခန်းထဲ ဝင်လာခဲ့သည်။
အိပ်ယာပေါ်ရောက်တော့ ပင်ပန်းပြီး တန်းအိပ်ပျော်သွားသည်။

ပထမပိုင်းလေးကတော့ ဘာမှမဟုတ်ဘူးရယ် introတွေ သိပ်မရေးတတ်လို့ပါ အဆင်မပြေရင်တောင်းပန်ပါတယ်ရှင့် ဖတ်ပေးလို့ကျေးဇူးပါ

𝐘𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐚𝐧𝐝 𝐖𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 Where stories live. Discover now