𝐏𝐚𝐫𝐭 - 3

113 20 0
                                    

အသားဖြူဖြူ ဆံပင်အစိမ်းရောင် အနက်ရောင် မျက်ဝန်း တကယ်ပဲ ဒီမှုန်ကုတ်ကုတ်နဲ့ လူက ဘာများလဲ...
သူ့ရဲ့အပေါ်စီးဆန်တဲ့အကြည့်‌တွေကရော ဘာများလဲ...

.....
'အလကားပါ ငါကအဲ့လူကို ဘာလို့ရင်ခုန်ရမှာလဲ ဟွန့်'
ကိုယ့်ဘာကိုယ်အတွေးတွေနဲ့ နှာခေါင်းရှုပ်နေတဲ့ ဆယ်ကျော်သက်လေးဂျောင်ကုပါလေ
ဒီဆယ်ကျော်သက်လေးက ကိုယ့်ခံစားချက်ကိုယ်လိမ်နေသည်မဟုတ်ပါလား ...
သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့ ၁၆နှစ် ဆိုတဲ့ မနူးမနပ်အရွယ်လေးမှာ အချစ်ဆိုတာကို သူခံစား‌နေရပြီလား...
စိတ်ကစားတာရော မဖြစ်နိုင်ဘူးလား...
'အာ ဘာလဲ သူကယောကျာ်းလေးတစ်ယောက်ကို ငါကလည်းယောကျာ်းလေးပဲဟာ'
'‌အော ဒါနဲ့သူ့နာမည်တောင်မမေးလိုက်ရဘူးပဲ'
'ငါကွာ သူပေးတဲ့ Hoddieလဲ ယူခဲ့လိုက်ရမှာကို'
ဂျောင်ကုတစ်ယောက် ထိုသို့အတွေးတွေတန်းစီနေတော့သည်။
ထိုဆံပင်အစိမ်းရောင်နဲ့လူဟာ သူ့ရဲ့ရင်ထဲမှာရော စိတ်ထဲမှာရော ရှိနေလို့သာ စာကိုတောင် အာရုံမစိုက်ပဲ ထိုင်တွေးနေသည်မဟုတ်ပါလား...
"ဂျောင်ကုရေ သား‌ထမင်းစားမယ်လေ"
ဂျွန်မေမေခေါ်တော့မှပဲ သတိဝင်လာတဲ့ ဂျွန်အငယ်‌လေးပါလေ
"အယ် စာတွေမပြီးသေးဘူးကိုး"
သူကြောင်သွားသည် အိမ်စာကသိပ်များတာမှမဟုတ်တာကို ဘာလို့မပြီးသေးရတာလဲ
"ဟွန့် အဲ့တာဟိုလူ...ဟိုလူ့ကြောင့် မကောင်းတဲ့လူ"
"သားငယ်လေး ဘာတွေ‌ပွစိပွစိပြောနေတာလဲ လာ‌ပါတော့ဆို"
"ဟုတ် မေမေ လာပါပြီ"
စာကို ထမင်းစားပြီးမှ ပြန်လုပ်ဖို့ပြင်ပြီး အောက်ထပ်ကို ထမင်းဆင်းစားရတော့သည်
"ဟင် ဒီနေ့မေမေ့ဆန်မုန့်လုပ်တာလား"
"မဟုတ်ပါဘူး မနက်ကပြောင်းလာတဲ့ လမ်းထိပ်စွန်းက အိမ်ကလာပေးတာ"
"ဘယ်အိမ်လဲ မေမေရဲ့"
"လမ်း‌ထိပ်စွန်းက အဝါရင့်ရောင်တိုက်ကြီးလေ"
"အော အဲ့တိုက်လား"
ဂျောင်ကုတွေးနေမိပြန်ပြီ ထိုလူနဲ့အဲ့နေရာမှာတွေ့ခဲ့သည်လေ သူတို့လမ်းရဲ့ထိပ်စွန်းအကွေ့လေးမှာ တိုက်မိခဲ့တာ။
ထိုလူ့ကို အရင်တခါမှလဲ မမြင်ဘူးတော့ အသစ်ပြောင်းလာတဲ့ လူတွေထဲကများဖြစ်နေမလား။
"သားလေး စားလေ"
ဇွန်းနဲ့ခက်ရင်းကြီးကိုင်ပြီး ထိုင်တွေးနေတဲ့သူ့သားငယ်ကို သတိပေးလိုက်ရသည် သူ့အဖေသိရင် ဆူဦးမည်လေ...
ဖေကြီးကတော့ ထမင်းကိုသာကုန်းစားနေတော့ သူ့သားအတွေးများနေတာကို မသိလိုက် သိရင်လဲ ဆူလိမ့်မည် သူကအတွေးများတာ မကြိုက်တဲ့လူမို့လို့...
.....
"မေမေ ဒီနေ့တော့ ကူလုပ်မပေးတော့ဘူးနော် သားအိမ်စာမပြီးသေးလို့"
"အော် အွန်းအွန်း သွားလုပ်လေ"
....
"ဂျောင်ကု အဲ့လူအကြောင်းဆက်မတွေးတော့ပဲ စာကိုဖိလုပ်‌နေသည်"
အချိန်စာရင်းတွေလဲ တိုက်ပြီး
သူ့ရဲ့Note Bookကလေးထဲမှာ စာတစ်ကြောင်းနေရာယူပြီး အိပ်ယာဝင်လိုက်တော့သည်
ထိုစာကြောင်းမှာ
'ခင်ဗျားကို သဘောကျမိသွားပြီထင်တယ်'ဆိုပဲ။

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်

𝐘𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐚𝐧𝐝 𝐖𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 Where stories live. Discover now