𝐏𝐚𝐫𝐭 - 8

84 17 2
                                    

"အသေးလေး"
"ဘာလဲ"
"စဥ်းစားပေးမယ်မလား ကျနော့်ကို"
"ဘာစဥ်းစားပေးရမှာလဲ"
"ကျနော့်အပေါ်ဘယ်လိုခံစားချက်ရှိလဲ"
"ဦးနှောက်မပါဘူး"ဆိုပြီး ထထွက်သွားတဲ့ ယွန်းဂီနောက် အမောင်ဂျောင်ကုလိုက်ရပါတော့သည်။
"ဟျောင်း ဘယ်သွားဖို့လဲ"
"ဟန်မြစ်ဘက်"
"ဘာလုပ်ဖို့တုန်း အခုချိန်လူ​ရှုပ်တယ်လေ"
"မင်းကိုရေနစ်သတ်မလို့"
ဂျောင်ကုကရယ်ရင်းနဲ့
"အဲ့ဒီဘုကန့်လန့်စကားလေးတွေကလဲ ဖောလင်အင်လပ်စေတဲ့အရာတွေထဲက တစ်ခုပဲ"
"လီး ပါးစပ်ပိတ်ထားစမ်းပါဟ"
"အေးတယ်ဟျောင်းရဲ့ လူတွေလဲရှုပ်တယ်"
"ပြန်ပါ့လား မင်းဘယ်သူကခေါ်ထားလို့လဲ နားငြီးချက်"
မျက်စောင်းထိုးသည်လို့လဲမဟုတ်ပဲ အကြည့်တချက်ပစ်သွင်းရင်း ရှေ့ကနေလျှောက်သွားပြန်သည်။
ဂျောင်ကုလည်း လိုက်မမှီတော့ လူတွေကလည်းရှုပ် ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းမသိ
ခဏနေတော့ သူက ဘီယာပုလင်းတွေနဲ့ထွက်လာသည်။
'ဒါမျိုးကျ တက်ကြွတယ် ခြေလှမ်းကမြန်နေရော ကျောင်းသွားရင်က လိပ်က အရှုံးပေးရတယ်'
"ဟော"
"ဘာလို့သောက်မှာလဲ သုံးဗူးကြီးတောင်"
"မင်းကိုတိုက်မလို့"
"ဗျာ ကျနော်က မသောက်တတ်ဘူးလေ"
"ငါ့ကိုချစ်တယ်ဆို သောက်ရမှာပေါ့"
"တခြားဟာနဲ့သက်သေပြမယ်လေ အဲ့လိုမရဘူးလား"
"မင်းလစ်လိုက်တော့ ငါမကြိုက်တာအဲ့တာတွေပဲ"
ဘီယာတစ်ငုံမော့လိုက်ပြီး ဂျောင်ကုကိုကြည့်ကာ
"မင်းက ငါ့အကြိုက်ပုံစံမဟုတ်ဘူး
အဲ့တော့ ငါ့အကြိုက်ပုံစံဖြစ်လာအောင်လုပ်မလို့ မင်းကလက်မခံရင်လဲ ညီအကိုလိုပဲ နေကျတာပေါ့"
"အသေးလေးက ဘယ်လိုပုံစံမျိုးကို ကြိုက်လို့တုန်း"
"ကင်မ်ထယ်ယောင်း"
"ဟမ်"
"ကင်မ်ထယ်ယောင်းလိုမျိူး"
"ဟမ် သူကအဆိုးဆုံးကျောင်းသားပဲလေ"
"အင်းလေ ဘာလို့လဲ"
"ဆိုးတာကို သဘောကျတာလား"
"အင်း ငါနဲ့တူတူဆိုးပေးမယ့်လူမျိုး"
ဂျောင်ကုတိတ်ဆိတ်သွားရသည် ဆိုးတဲ့လူမျိုး ဆိုးတဲ့လူမျိုး အင်းပေါ့လေ သငကိုယ်တိုင်က လူဆိုးလေးပဲ။
သူဆိုးတာတွေကို ပြင်ပေးမယ်လုပ်ခဲ့တဲ့ ဂျောင်ကုစိတ်ကူးတွေ ဟန်မြစ်မှာတိုက်ခတ်နေတဲ့ လေ​တွေနဲ့အတူ လွင့်ပါသွားလေပြီ။
"မင်းမသောက်ဘူးဆို ဒီတစ်ဘူးပါငါသောက်တော့မယ် ပြီးရင် မင်းနဲ့ငါနဲ့ ညီအကို"
ဘီယာဘူးကို ဆွဲလုလိုက်တဲ့ဂျောင်ကု
"သောက်မယ်"
"မသောက်နိုင်ပဲနဲ့ လူလိမ္မာလေးပဲလုပ်"
"ဟျောင်းအလိုကျဖြစ်စေရမယ် နော်"
"ဘီယာလေးသောက်ပြရုံနဲ့ငါကပြန်မချစ်ဘူး"
"ဟောဗျာ"
"ငါပြောချင်တာ တခြားဟာတွေရှိဦးမှာလို့"
"အကုန်လုပ်နိုင်ရင် ပြန်ချစ်မှာလား"
"အင်း ငါ့အကြိုက်ပုံစံဖြစ်လာရင် ပြန်ချစ်မယ်"
အဲ့စကားလေးတစ်ခွန်းက သူ့ဘဝကိုဘယ်လောက်တောင် သက်ရောက်စေခဲ့လဲ။
အချစ်အတွက်နဲ့ ထိုကောင်လေးဘယ်လောက်ပင်ပန်းလိုက်ရမလဲ။
မင်ယွန်းဂီဆိုတဲ့ လူသားငယ်ဟာ သူ့ကိုဘယ်လောက်တောင် လွှမ်းမိုးထားနိုင်လေသလဲ။

ဇာတ်လမ်းကတော့စပြီ😹
ဖတ်ပေးလို့ကျေးဇူးပါ

𝐘𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐚𝐧𝐝 𝐖𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 जहाँ कहानियाँ रहती हैं। अभी खोजें