𝐏𝐚𝐫𝐭 - 5

95 16 4
                                    

ဂျောင်ကုတစ်ယောက် ခြံရှေ့မှာ ခရုလိုရွေ့နေသည် ‌မစောင့်ဘူးလုပ်ထားပေမယ့် သူကိုယ်တိုင်ကစောင့်ချင်နေတာမဟုတ်ပါလား။
တစ်‌ယောက်သောသူကတော့ အိပ်ယာတောင်မနိုးသေးပါချေ။
ခြံရှေ့မှာ ပန်းပင်တွေရေလောင်းနေတဲ့ အန်တီတစ်ယောက် ယွန်းဂီဟျောင်း အမေဖြစ်မည်
"အန်တီ့ Yoongi hyungရှိလား"
"အော် ကျောင်းသွားဖို့လာခေါ်တာထင်တယ် အန်တီသွားနှိုးလိုက်ဦးမယ် ခဏနော် သားငယ်လေး"
"ဟုတ်ကဲ့ အန်တီ"
"ဟဲ့က‌လေး ထတော့ ထတော့ ၈နာရီခွဲနေပြီ"
"၄၅မိနစ်ကျနှိုးလိုက်"
"နင်မထရင် ငါရေနဲ့ပက်မှာနော်"
"ဟာဗျာ ငါးမိနစ် ငါးမိနစ်ပဲလို့"
"မင်ယွန်းဂီ ထလို့ပြောနေတယ်"
"မထဘူးဗျာ"
"နင်ကငါရေချိုးပေးတာခံချင်နေတာပေါ့"လို့ဆိုကာ ရေဗုံးယူဖို့အောက်ဆင်းလာတော့သည်
"သားငယ်လေး ခဏနော် အားနာလိုက်တာကွယ်"ဟုဆိုပြီး ရေဗုံးထဲရေထည့်နေတဲ့ ယွန်းဂီအမေရယ်ပါလေ
"အယ် အန်တီ ရေနဲ့ပက်မလို့လား"
"အေး ခဏလေးစောင့် ဒင်းကအဲ့လိုမှနိုးတာ"
"အယ် ကျနော်နှိုးပေးပါ့မယ် ရေနဲ့တော့ မပက်ပါနဲ့တော့"
"သားနှိုးလည်း ရမှာမဟုတ်ဘူးသူက"
"ရပါတယ် အန်တီရဲ့ သားနှိုးကြည့်လိုက်မယ်နော်"
ဇွတ်ဖြစ်နေသော ကိုယ်တော်ချောကြောင့် ရေဗုံးကိုချပြီး ကာလနဂါးရဲ့အခန်းကိုလိုက်ပြရတော့သည်
"သားရေ ဒီအခန်းပဲ"
"ဟုတ် အန်တီ"
"Hyung"
"Hyungလို့"
ဟိုက တုတ်တုတ်တောင်မလှုပ်
ပါးကိုလိမ်ဆွဲပြီး
"Hyung ထတော့လို့"
"နားညီးတယ် လစ်စမ်း ဘာလာလုပ်တာလဲ ငါ့အခန်းကို"
"Hyungကို လာနှိုးတာလေ Hyungအိုမားက ရေနဲ့ပက်မလို့လုပ်တာတောင် တားပြီးလာခဲ့ရတာ‌နော် ဒါနဲ့များကျနော်ကို အပြစ်ပြောနေတယ် ပြီးတော့ အခု၈နာရီ၁၅မိနစ်ရှိပြီ လမ်းလျှောက်ရတာကလဲ ကြာဦးမှာ ပြီးရင်
Hyungလမ်းလျှောက်တာက အရမ်းနှေးတယ် ပြီးတော့ မျက်နှာသစ်တာကလည်း အရမ်းကြာတယ် အဆိုးဆုံးကတော့ Hyungမနက်စာမစားရတာပဲ ထပါတော့ဆို ထတော့ ထတော့လို့"
ဆက်တိုက် Rap ရွတ်သွားသော ဂျွန်ဂျောင်ကုပါလေ
"ဟာ ဟျောင့်ရာ နားညီးလိုက်တာ ငါ့ကိုဘာလို့စောင့်နေတာလဲ သွား ကိုယ့်ပါကိုယ်"
"ဟင့်အင်း ထပါတော့လို့"
"Hyungမထရင် Hyungအိုမားနဲ့တိုင်လိုက်မှာ"
"တိုင်ပေါ့"
"တကယ်လား ဆူခံရမှာမကြောက်ဘူးလား"
"မကြောက်...နေဦး မင်းကဘာတိုင်မလို့လဲ"
"Hyungဆေးလိပ်သောက်တာကို တိုင်မှာ"
"ဘာကွ မင်းဒါလေးသိထားတာနဲ့ ငါ့ကိုအကျပ်ကိုင်တယ်ပေါ့"
"အဲ့လိုမဟုတ်ဘူးလေ Hyungကိုထစေချင်လို့ပြောတာပါ တကယ်မတိုင်ပါဘူး"
"ကျစ် မင်းနောက်နေ့ငါ့ကိုမစောင့်နဲ့"လို့ပြောကာ ထသွားသော အသေးလေးကြောင့် ဂျွန်ဂျောင်ကုခဗျာ ချော့ရတော့သည်
"Hyungကလည်း စိတ်မဆိုးပါနဲ့‌နော် ကျနော်က တကယ်မတိုင်ပါဘူး ဒီတိုင်းထစေချင်လို့ပြောလိုက်တာပါ"
" မင်းကိုငါစိတ်ဆိုးတယ်လို့ပြောလား? ငါကအတိုင်အကြောထူတယ်လူတွေဆို မုန်းတယ်"
"ဟင့် မုန်းတော့မမုန်းပါနဲ့ ကျနော်ဘာမှမတိုင်ပါဘူးနော် အဲ့တာအိပ်ယာကထအောင်ပြောလိုက်တာပါလို့ နော် Hyungနော်"
ရေကန်အမိုးကတိုင်ကြီးဖက်ပြီး မျက်ရည်အဝိုင်းသားနဲ့ သကောင့်သားကို မျက်စောင်းတစ်ချက်ပစ်ကျွေးလိုက်ပြီး
"ရူးနေလား ငါမခေါ်တာကို ဘာလို့ငိုနေတာလဲ"
"မနေနိုင်လို့ Hyungမခေါ်ရင် မနေနိုင်လို့"
"မင်းနဲ့ငါနဲ့သိတာ သုံးရက်တောင်မပြည့်သေးဘူး"
"ဒါပေမယ့် ကျနော်က ခင်တယ်လေ"
"ငါကတော့ မခင်ဘူး"
"Hyungမခင်လဲ ရပါတယ် ခင်ခွင့်လေးတော့ ပေးသင့်တာကို"
"....."
...........
"Hyungစိတ်ဆိုးတုန်းလားဟင်"
"ငါစိတ်မဆိုးတတ်ဘူးလို့ပြောနေတယ်လေ"
"ဒါဆို အခုမှ ၈ခွဲပဲရှိသေးတယ် Hyungကို ခဏဖက်လို့ရမလား"
"ဆုတောင်းလေ မင်းဖက်တာ ခံမယ့်အစား ငါ့ဘာငါစီးကရက်ထုတ်သောက်မှာပေါ့"
"ဟိုခုံမှာ ခဏထိုင်ရအောင်"
"အင်း"
ချယ်ရီပင်အောက်က လူနှစ်ယောက်လောက်ထိုင်လို့ရတဲ့ သစ်သားခုံတန်းလေး
"Hyungစီးကရက်သောက်လို့ရပြီ ကျနော်လဲ ခဏဖက်ထားမယ် ရတယ်မလား"
"ဆေးလိပ်က မီးစကျရင် ခံနော်"
"ဟီးဟီး ဖက်လို့ကောင်းလိုက်တာ"
"မီးစနဲ့ထိုးပစ်လိုက်ရ"
အခုအနေအထားက ဂျောင်ကုက လက်နှစ်ဖက်လုံးနဲ့ သိမ်းကျုံးဖက်ထားပေမယ့် ယွန်းဂီ‌ကဆေးလိပ်သောက်နေတာမို့လို့ လက်နှစ်ဖက်ကို လွှတ်ပေးထားရတော့ ဗိုက်ကလေးကို ဖက်ထားသလိုပင်
အမောင်ဂျွန်ဂျောင်ကုတို့ခမျာ ယုန်သွားကြီးတွေ ဖြီးနေအောင် ကျေနပ်နေလေသည်
"Hyungနောက်နေ့တွေလဲ ဒီလိုလေးထိုင်ရအောင်နော်"
"....."
"နော်လို့"
"ပါးစပ်ပိတ်ထားစမ်းပါ"
"...."
ထိုအခါမှငြိမ်ကျသွားသော ဂျောင်ကုရယ်ပါ
စီးကရက်တလိပ်လည်းကုန်သွားရော
"ဘယ်နှမိနစ်ရှိပြီလဲ"
နာရီကိုတချက်ကြည့်လိုက်တော့
"အယ် ၄၀မိနစ်တောင်ရှိပြီ"
"ပြေးမယ်လာ"
ပြောပြီးတာနဲ့ အရှေ့ကနေပြေးသွားတဲ့ အသေးလေး
ဂျောင်ကုကလဲ အပြေးသန်တော့
နောက်ကနေအမှီလိုက်ပြီး
"ပိစိလေး အပြေးပြိုင်မယ်လေ"
"ဒီခွေးကတော့ ီးကိုပိစိ​လေးလား"
"ဟီးဟီး မကျေနပ်ရင်လိုက်လုပ်လေ"
"မင်းမိလို့ကတော့ သေပြီသာမှတ်"
"မှီအောင်သာ အရင်လိုက်"
ယွန်းဂီမှာ ပြေးရင်းသားနဲ့မောလာလို့ ခဏရပ်လိုက်တော့ သကောင့်သားက သူ့ဆီပြန်ပြေးလာပြီး
"Hyungဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"
သူမေးတော့ ခေါင်းမော့ကြည့်လာပြီး
'ခွက်'
"အာ့"
"Hyungကလည်းဗျာ မောနေ‌တာတောင် လက်စကမသေးပါ့လား နာလိုက်တာ
အဖေတောင် ကျနော့်ကို မထိုးဘူးဘူးကို"
"ငါကမင်းအဖေလို့ပဲမှတ်လိုက်"
"ကဲပါ လာ ကျွန်တော်ကုန်းပိုးမယ်"
ယွန်းဂီလဲ ခြေညောင်းသက်သာတယ်ဆိုပြီး တက်လိုက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်
"အာ လေးလိုက်တာ ဝက်က‌လေးပဲ"
'ဒေါက်'
"ီးကို ဝက်ကလေးလား"
(ဆဲလဲဆဲ ဆော်လည်းဆော် ရှယ်ပဲ)
"အ့ နာတယ်ဗျ ခေါင်းကိုမလုပ်နဲ့လေ"
"ဒါဆိုဖင်ကိုလုပ်ရမလား"
"ဗျာ"
"ဖင်ကိုရိုက်ရမလားလို့ပြောတာ"
"ဖင်ကရိုက်လို့ရတယ်လေ သိပ်မနာဘူး"
"...."
အဆဲခံရ အထိုးခံရ အခေါက်ခံရတာတောင် စိတ်မဆိုးနိုင်ပဲ လက်ကိုင်ရလို့ပျော်နေတဲ့ ဂျောင်ကုရယ်ပါ
ယွန်းဂီလက်တွေကို အောက်ကနေ ဆွဲထားပြီး လျှောက်‌နေသည်မှာ အတော့်ကို ကြည်နူးစရာပင်

ဒီအပိုင်းမှာ ဆဲတာလေးတွေထည့်ထားတာကလေ ယွန်းဂီက လူဆိုးကိုမှအစွာပုံစံလေးရေးထားတာမို့လို့ ထည့်လိုက်တာပါရယ် ဒီလိုလေးထည့်တာလေးနဲ့တော့ ပြဿနာဖြစ်မယ်မထင်ပါဘူးနော် ဖတ်ရတာ အဆင်မပြေရင်လဲ ပြောကျပါဦး
ဖတ်ပေးလို့ ကျေးဇူးပါရှင့်

𝐘𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐚𝐧𝐝 𝐖𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 Where stories live. Discover now