အချစ်ဝဋ်​ကြွေး part24

86 3 0
                                    

"​ကောင်း    ​ဆေးသောက်လိုက်အုံး--"

​ဆေး​သောက်ဖို့ ​ပြောလာတဲ့မာန်​ကြောင့်မနည်းအားယူ  ထ​နေစဥ်၊  မာန်တွဲထူ​ပေးတာ​ကြောင့် ကုတင်​ခေါင်းရင်းမှာမှီ​​​နေလိုက်သည်၊ မာန်က ကုတင်​ဘေး စားပွဲထက်က ​ဆေးနဲ့​ရေဖန်ခွက်​လေး လှမ်းယူကာကမ်း​ပေးလာတာ​ကြောင့် ​​ဆေး​သောက်ရင်း​နေမ​ကောင်းဖြစ်ရခြင်းကို အစ​ဖော်ပြန်​တွေးမိ​တော့သည်၊

မ​နေ့ညက  ဘုန်းတို့ပြသနာပြီးတဲ့​နောက်အခန်းကိုပြန်လာကာ  ဝရန်တာမှာထိုင်ရင်  ဖုန်းသုံး​လိုက်သည် ၊ ​လေကလည်း တဖြူးဖြူူနဲ့မို့ အ​အေးကြိုက်တဲ့ကျွန်​တော့်အဖို့​တော့    တကယ့်ကို  အခန်းထဲလုံးဝပြန်မဝင်ချင်၊ မာန် ဘယ်​လောက်​ပြော​ပြောအခန်းထဲမဝင်ဘဲ  ​ပေကပ်​ကာဂျစ်တိုက်​နေလိုက်သည်၊အခု​တော့  အဲ့အကျိုး​ကျေးဇူးအ​နေနဲ့  အိပ်ရာထဲက​တောင်မနည်းထ​နေရပြီ၊မာန့်ပုံစံက  ခပ်တည်တည်နဲ့လိုတာအားလုံးလုပ်​ပေးပြီးပြုုစု​ပေမဲ့
  အ​ခြေအ​နေက  သူ့စကားနားမ​ထောင်ဘဲ​နေမ​ကောင်းဖြစ်သွားလို့ စိတ်စိုးနေတာနဲ့တူတယ် ၊သူ​ပြော​နေတာကိုနား​ထောင်ခဲ့ရမှာ အခု​တော့ သူ့ရဲ့အဲ့လိုပုံစံ​ကြောင့် စိတ်မ​ကောင်းဖြစ်ရသလိုရှိန်​နေရပြီ---ဟိ--ဟိ--အ​ခြေအ​နေကြည့်​နေမှ။

​ပြော​နေတာကိုနားမှမ​ထောင်ဘဲ အခု​တော့သူ့အပြစ်သူသိပုံရတယ် ၊ ​ခေါင်းကိုငုံ့ပြီး  ငြိမ်လို့၊  သက်သာသွားပြီလားသိရ​အောင် နဖူး​လေး​တော့စမ်းကြည့်အုံးမှပါ၊စိတ်ထဲရှိတဲ့အတိုင်းဆို ညက​နေမ​​ကောင်းစဖြစ်လာထဲကရိုက်ပစ်ချင်တာ၊နားမ​ထောင်ရ​ကောင်းလားဆိုပြီး​ပေါ့---၊တကယ်တမ်းကျ​တော့ရိုက်လည်းမရိုက်လိုက်ရတဲ့အပြင် သူ့ကိုယ်က မီးခဲလိုပူ​နေတာမို့ ဒီမှာ စိတ်ပူလိုက်ရတာ​ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပြာရာ​တွေခတ်​နေရတာ---အဲ့​တော့စိတ်မစိုးသင့်​ဘူးလား---

ရုတ်တရတ်​နဖူးပြင်​ပေါ်ရောက်လာတဲ့နူးညံ့တဲ့မာန်ရဲ့ လက်ဖမိုးပြင်​လေး၊မျက်နှာက​တော့အခုထိတည်​နေတုန်း၊သူ့လက်​လေးနဖူး​ပေါ်လာတင်​တော့ မျက်​တောင်​လေးပုတ်ခပ်ပုတ်ခပ်လုပ်ကာနှုတ်ခမ်း​လေးစူပြီးမျက်နှာချို​သွေးရ​တော့သည်။

  အချစ်ဝဋ်​ကြွေး(နှလုံးသားရဲ့​စေ)(bl   story)Where stories live. Discover now