အချစ်ဝဋ်​ကြွေးpart 29

97 2 0
                                    

​ကျောင်းဝင်းထဲမှာ မှုံ  ကိုစောင့်ရင်းထိုင်​နေတဲ့မင်းရဲ့မျက်လုံးထဲဝင်လာသည်က ​ကျောင်းခြံဝက​နေ​ကျောင်းထဲဝင်လာ​နေတဲ့ ​က​လေးမလေးတစ်​ယောက် ၊ မင်းရဲ့မျက်နှာ   ချက်ချင်းအလိုမကျသည့်ပုံ  ဖြစ်သွားသည်။

ဒီကို​ရောက်လာထဲက အကိုကင်းက​တော့ကျွန်​တော့်ကိုဘယ်တုန်းကမှမြင်ပုံမရ​ပေမဲ့  ၊ ကျွန်​တော်က​တော့ ​ဆေးအိတ်တစ်လုံးနဲ့တစ်ရွာလုံးပတ်​နေတဲ့အကို့ကိုအမြဲ​တွေ့​နေရသည်၊ ​တွေ့လိုက်တိုင်းလည်း ဒီက​လေးမ​လေးက အမြဲ​ဘေးမှာ လက်တဆွဲဆွဲနဲ့ရှိ​နေသည်၊ ဘာ​လေးမှန်းကိုမသိ ၊ က​​လေးမ​လေးက ၇နှစ်​လောက်ရှိ​နေပြီမို့အကိုကင်းရဲ့က​လေး​ မဖြစ်နိုင်မှန်း​တော့သိသည်၊ သူ့ဇနီးက ပါတဲဲ့က​လေးလား၊ ပြီး​တော့ သူ​ဌေးသမီးကိုယူပြီးဘာလို့ဒီလို​​ဒေသကို​ရောက်​နေတာလဲ​တော့ ပိုလို့ပင်စဥ်းစားလို့မရ​နိုင်​ပေ၊  ဘာပဲဖြစ်ဖြစ် အကိုကင်းနဲ့တတွဲတွဲဖြစ်​နေတဲ့ဒီက​လေးမ​လေးကို​အလိုမကျတာ​တော့အမှန်။

​​ပြေးဝင်လာတဲ့က​လေးရဲ့​ရှေ့မင်း ပိတ်ရပ်လိုက်​တော့ ရပ်တန့်သွားကာ က​လေးမ​လေးက မင်းကို​မော်ကြည့်လာသည်၊ ထိုအခါမှမင်းတစ်​ယောက်ခါးကိုကိုင်းကာ က​လေးရဲ့မျက်နှာ​လေးကိုငုံ့ကြည့်ပြီးရုပ်တည်တည်နှင့်

" မင်း က အကို့သမီးလား ၊ အကိုနဲ့လည်းတစ်စက်မှမတူဘူး၊ ပါး​တွေကလည်း ​ဖောင်းကား​နေတာပဲ၊ မ​အေနဲ့တူတာလား--"

က​လေးရဲ့ပါးကိုပင်  ခပ်ဖွဖွဆွဲကာ​က​လေးနဲ့အပြိုင်က​လေးလိုပြော​နေသူ​ကြောင့် က​လေးမ​လေးမှာဘာမှပြန်မ​ပြော​ပေမဲ့  ငိုမဲ့မဲ့ ဖြစ်​လာကာ ​နောက်ပြန်လှည့်​ပြေးသွားတော့သည်။အမှန်​တော့ က​လေးက ရှမ်းလူမျိုး​လေးမို့ ပါး​လေး​တွေ နီ​မြန်းမြန်းနဲ့အမှန်ချစ်ဖို့​ကောင်းလှသည်၊ မင်းကသာ က​လေးကိုအလိုမကျဖြစ်​နေပြီးပြသနာသွားရှာ​နေတာ။

" ဟဲ့  မင်း ၊ နင် က​လေးကို ဘာ​တွေ​ပြော​နေတာလဲ --"

​နောက်က​ရောက်လာကာ ​ပြောလာတဲ့မှုံ​ကြောင့်မင်းတစ်ယောက်ပြုံးကာ
" အကို့သမီး က အကိုနဲ့လည်း တစ်စက်မှမတူဘူး​လေ --"

  အချစ်ဝဋ်​ကြွေး(နှလုံးသားရဲ့​စေ)(bl   story)Where stories live. Discover now