Chapter 17:တွက်ချက်ခြင်း

3.4K 613 16
                                    

(ကျုံးရှန်းဝံပုလွေ မိသားစု)

တစ်လအကြာတွင် လီချင်းရန်၏ခြေထောက်များ လုံးဝပြန်လည်ကောင်းမွန်လာသောအခါတွင် အိမ်မှထွက်ခွာရန် ငြင်းဆန်ခဲ့သောယန်လီသည်လည်း ပြဿနာအချို့နှင့် ရင်ဆိုင်ခဲ့ရလေသည်။

"နင်သောက်ရေးမပါတဲ့***လူ! နင့်မှာတရားမျှတမှုဆိုတာတောင် မရှိဘူး နင့်မိန်းမကို အဲ့မိန်းမပျက်အတွက်နဲ့ ဘယ်လိုတောင်စွန့်ပစ်နိုင်ရတာလဲ? ဘုရားသခင်ကနင့်ကိုသေချာပေါက် အပြစ်ပေးလိမ့်မယ်"

"ဒီနေရာမှာ လာပြီးအော်ဟစ်မနေနဲ့!"

ခုံးတကောက သူမမျက်နှာကိုချက်ချင်းပိတ်ထိုးပစ်လိုက်ပြီး

"ပြောအုန်းမယ် မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါမင်းကိုသေချာပေါက်ကို ကွာရှင်းမှာ ဒီကိစ္စအတွက်မင်းမှာ ရွေးချယ်စရာမရှိဘူး!"

ယန်လီမှာအထိုးခံရခြင်းကြောင့် မူးဝေသွားကာအုတ်ကုတင်ပေါ်သို့ချက်ချင်းပြုတ်ကျသွားရ၏။ကြီးမြတ်သောစရိုက်ဖြင့်မွေးဖွားလာခဲ့ခြင်း မဟုတ်သည့်အတွက် အရိုက်ခံရပြီးနောက်သူမဟာရူးသွပ်သွားလေတော့သည်။

"ဒါဆိုနင်ကငါ့ကိုသေသွားအောင်ထိ ကန်ကြောက်ချင်နေတာလား ဟမ်? အဲ့ဒါမှနင်ကအဲ့မိန်းမပျက်ကို လက်ထပ်နိုင်မှာဟုတ်တယ်မလား? ငါပြောလိုက်မယ် ခုံးတကော နင်ကအိမ်မက်မက်နေတာပဲ!!!"

ခုံးတကောသည် ယန်လီ၏မျက်နှာအနှံ့တွင်ဆံပင်များကပ်လျက် မြေပြင်ပေါ်တွင်ထိုင်နေသည်ကို ကြည့်နေခဲ့လေသည်။ယခုဆိုလျှင် ယန်လီသည် သူမ၏ဆံပင်ပုံစံနှင့်ပို၍ပင် ကြမ်းတမ်းနေပုံရကာ ကွာရှင်းရန်လက်မခံဘဲ ဆဲဆိုကြိမ်းမောင်းနေသောကြောင့်ခုံးတကောသည် သူမအပေါ် ပို၍ပင် ရက်စက်ချင်လာသလို ခံစားလာရတော့သည်။

သူကရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး သူမ၏ဆံပင်ကိုဆွဲလိုက်ပြီး မျက်နှာကိုလက်သီးနှင့်ထိုးလေတော့သည်။ယန်လီသည် တုန်လှုပ်သွားပြီးနောက် သူမသည်လည်း ပြန်လည်တိုက်ခိုက်လာကာ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် လက်လွှတ်မခံကြတော့။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Onde histórias criam vida. Descubra agora